အပိုင်း(၃၂)

16.8K 1.5K 860
                                    

"Congratulations Hoseokie!!!!.."

အရင်းပြုတ်လိုက်အကြွေးတင်လိုက်နဲ့
တည်ထောင်ခဲ့သောလူငယ်တွေ
အကြိုက်Hoseokဘီယာဆိုင်လေး၏Anniversary
ကိုရောက်လာတာရယ် သူတို့သူငယ်ချင်း
အုပ်စုလူပြန်စုံကာအားလုံးအဆင်ပြေပြေ
ရှိသွားကြပြီမလို့ အထိမ်းအမှတ်တစ်ခုအနေနဲ့
ဒီနေ့လာသမျှကိုFreeပေးကာ ပါတီသေးသေးလေး
တစ်ခုပေးနေခြင်းဖြစ်သည်။

သူငယ်ချင်းအပေါင်းအသင်းတွေအများစု
အကုန်ပြန်ဆုံနေကြပြီး လူစုံတက်စုံညတစ်ညလည်း
ဖြစ်ပါ၏။

"ရေချယ်ကိုထိန်းကြပါဦး ပြန်ရင်ပြန်ခိုင်း
လိုက်စမ်း မျက်စိတွေနောက်နေပြီ...."

Hoseok အသိ ကောင်လေးတချ်ို့နှင့်
ပတ်ရှုပ်နေသောရေချယ်ဟာ အားလုံးကို
ဖမ်းထိန်းထားနိုင်သည်။ လုံးဝActive
ဖြစ်ကာလှတာထက်ပိုခဲ့သောရေချယ်၏
ဆွဲဆောင်မှုများတွင်ကောင်လေးတွေသည်
ဝန်းရံခြင်းကိုမရပ်နိုင်ကြ။

"နင် မြန်မြန်ယောင်္ကျားယူမှအေးမှာ သိလား.."

လွင့်နေသောရေချယ်ဆီကိုအရောင်လဲ့နေသော
ခွက်တစ်ခုဖြင့်ရောက်လာသောHoseokသည်
ဆူဟောက်နေသည်။ရေချယ်သည်ပန်းနှင့်
ပေါက်နေသလိုHoseokအားစပ်ဖြီးဖြီးဖြင့်
ရယ်ပြနေသည်။

"ဘယ်တော့မှယောင်္ကျားမယူဘူး...
အဲ့တာတော့သေချာတယ်...."

"ဘာလို့လဲ...နင်အတည်မယူဘဲ
မြင်သမျှလိုက်မပလေးနေနဲ့...."

"ခင်တတ်တာပါ...Hoseokieခင်တာနဲ့
ချစ်တာကိုမကွဲပြားနေဘူးပဲ...
တစ်ရက်လောက်အချိန်ဇယားလေးဆွဲ
သင်ပေးဦးမယ်.."

"တိတ်စမ်း !! မိန်းကလေးပီပီသသနေ
ငါဒါပဲပြောမယ်.."

"ခုက ကျားပြ နေလို့လား!!.."

"နင့်ကိုဖိတ်မိတာငါ့အမှား ငါပဲမှားတာ
တော်ပြီ တော်ပြီ ငါသွားပြီ..."

Hoseok သည်မနိုင်တာမလို့သူပဲအရှုံးပေးလိုက်ကာ
ဖွင့်ထားသောသံစဉ်တွေအတိုင်းလှုပ်ခါ
ကရင်း တစ်နေရာအရောက်
မြင်ကွင်းသည်စိတ်ပိုမောသွားရသည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now