အပိုင်း(၂)

15.7K 2K 425
                                    

"မေမေကတော့လေJiminကိုကြည့်ရတာ
သိပ်စိတ်ချမ်းသာတာပဲ...သားကိုပြောရတာ
မနိုင်ခဲ့လို့သာကြည့်နေရတာ ခုကမှဘဝသိလား
မင်ဂျွန်..နဲ့ သားက သိပ်လိုက်ဖက်တာပဲ..."

ထမင်းစားနေရင်းခေါင်းငြိမ့်ပြကာ
ညစာကိုသာJiminအာရုံစိုက်နေပါ၏။

"ကိုရီးယားပြန်ရောက်တော့သတိတော့
တစ်ခါတလေရမိမှာပေါ့သားရယ်
ဒါကဖြစ်တတ်ပါတယ် သူနဲ့ကနှစ်တွေအများကြီး
အတူတူရှိခဲ့တာဆိုတော့ မေမေနားလည်တယ်
ဒါပေမယ့် သတိရတဲ့အဆင့်မှာပဲထားဖို့တော့
လိုမယ်နော် သူနဲ့သားက မထ်ိုက်တန်လို့ကို
ကံကြမ္မာကသူ့ကိုဖယ်ပေးလိုက်တာ
မေမေတို့ လူဆိုး လူကောင်း စောစောသိရတာ
ကံကောင်းတယ် သိလား"

"Hyung နဲ့ လက်ထပ်ဖို့က အမြန်ကြီး
စီစဉ်ဖို့ လိုအပ်လို့လား...ကျွန်တော်
တစ်ယောက်နဲ့ပြတ်တာမကြာသေးဘဲ..."

"၂နှစ်လေ Jimin...လုံလောက်တယ်..
၂လမှမဟုတ်ဘဲ...Jungkook လိုလူမျိုးက
ပြတ်ပြီး၂ရက်နဲ့တင် နောက်တစ်ယောက်
ထပ်ထားလည်း ထားသင့်တဲ့သူမျိုး"

Jiminသည်အမေဖြစ်သူအားရီဝေဝေကြည့်လာ
သည်။Jimin အမေသည် အတ်ိတ်တချို့ကို
သတိရသွားဟန်တွေးဆဆ။

"မနက်စာကို ဘယ်နှနာရီစားနေမှာလဲ
ကျောင်းနောက်ကျတော့မယ် ပြီးရင်
တစ်ခုခုအဆင်မပြေဖြစ် မင်းပဲစိတ်တိုတာ
တော်တော့မစားနဲ့ လာ..."

"ဟဲ့ စားနေတယ်လေ Jungkook ရယ်
ဘယ်လိုဖြစ်နေတာလဲ..."

"ကျောင်းနောက်ကျနေပြီဗျ..."

"ကျကျ ငါ့သားလေး ဝအောင်တော့
စားပါစေဦး..."

"ဒါဆို မောင် သွားနှင့်ပြီ မင်းအဆင်ပြေတာနဲ့
လိုက်ခဲ့လိုက်တော့.."

ဝုန်းဝုန်းဒိုင်းဒိုင်းလာ ဝုန်းဝုန်းဒိုင်းဒိုင်းပြန်ထွက်
သွားသူနောက် မနက်စာတန်းလန်းကိုထားခဲ့ပြီး
ပြေးလိုက်သွားသူကိုတားမရခဲ့။

သားကို သိပ်နိုင်စားလွန်းခဲ့တာ။သားဟာသူချမှတ်
ထားတဲ့ပုံစံတွေထဲချစ်တဲ့စိတ်တစ်ခုထဲနဲ့
အရုပ်ကလေးတစ်ရုပ်လိုပဲ။မွေးထားသော
မိဘထက်တောင် သားကိုသူသိပ်စိုးမိုးလွန်းခဲ့ခြင်း
တွေကို အမေတစ်ယောက်အနေနဲ့မကြိုက်နှစ်သက်
စရာဖြစ်ရပ်တွေဖြစ်ခဲ့သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now