အပိုင်း(၂၁)

12.1K 1.7K 788
                                    

ဟောင်းနွမ်းသွားခဲ့တဲ့အမှတ်တရတွေနဲ့
ဒီနှစ်ဆောင်း မောင့် နှုတ်ဆက်ခြင်းတွေကြောင့်
ပိုအေးနေတာလား..။

မောင် စကားပြေမပြန်ခဲ့တဲ့မျက်လုံးတွေနဲ့
ဘယ်တော့မှဖွင့်ဟမပြမယ့်စာမျက်နှာချပ်တွေမှာ
လူတွေကပြောတယ်...
ကိုယ်က အားမရစရာပဲတဲ့....။

ကြက်ခြေခတ်တွေကညတွေကို
အိပ်မပျော်စေဘူးမောင်......။
ငယ်ရွယ်မှုရဲ့မိုက်ရူးရဲခြင်းဆိုတဲ့ခေါင်းစဉ်က
သိပ်တော့ပျော်စရာကောင်းမနေဘူး။
ဒါပေမယ့် သိပ်လည်းဝမ်းနည်းမနေပါဘူး။

နွေဦးလေတွေတိုက်လာရင်
နှစ်ယောက်အတူတူခရီးတွေ...
မိုးစက်တွေကျလာတော့
ထီးတစ်ချောင်းအောက်ကအနမ်းလှလှတွေ..
ဆောင်းလေတွေသုန်လာတဲ့အခါ
မောင်နဲ့အတူတက္ကသိုလ်ပြန်တက်ချင်မိတယ်။

တစ်ခါတရံရဲ့ရိုးရှင်းတဲ့သတိရခြင်းတွေပါ။
"သေလူ"လို့သတ်မှတ်ထားခြင်းအတွက်
ကိုယ့်မှာအယူခံဝင်ပိုင်ခွင့်မရှိဘူးဆိုတာလည်း
သေချာစွာသိနားလည်ပါတယ်။

ဘာတွေလွဲချော်ခဲ့လဲ...
ဘယ်အက်ကြောင်းတွေကဤကဗျာမျိုး
ဖြစ်လာစေခဲ့လဲ....
မောင်အပါအဝင်အားလုံးကိုကိုယ်စိတ်ကုန်နေလို့
ကျေးဇူးပြုပြီးပြန်မမေးပါနဲ့...။

တပ်မယ့်ခေါင်းစဉ်က "ကလေးဆန်ခြင်း"
ပဲဖြစ်လိမ့်မယ်....။
အပစ်မခံချင်ပဲ အချစ်ခံချင်တဲ့ကလေးတစ်ယောက်
ရဲ့အတ္တဟာ ကမ္ဘာပြိုခဲ့တယ်။

သိမ်ငယ်ခြင်းတွေနဲ့ဒူးနှစ်ဖက်ပိုက်နေရမှာ
သိပေမယ့်...မောင်ပြောခဲ့သလို
ကိုယ့်ဘဝကိုယ်သိဆိုတာကို နားလည်ပေမယ့်
လက်ပိုက်ခေါင်းမော့ခဲ့တဲ့အတွက်ခွင့်လွှတ်ပါ။

ခွင့်လွှတ်ပါမောင်....။
လောကက ရှုံးပြရင်...ပိုနိုင်စားလာတတ်ကြလို့ပါ။

အိမ်ပြန်လမ်းရဲ့မီးရောင်မှိန်မှိန်တွေအောက်
ဟိုးတုန်းကလို ဘယ်တော့မှအတူတူ
ပြန်မရယ်မောနေတော့မှာသေချာပေမယ့်
ရယ်သံတွေဟာ.....လူတွေတစ်လမ်းစီဖြစ်လည်း
အချိန်အခါသင့်တိုင်းပဲ့တင်ထပ်နေဦးမှာပါ။

အက်ကြောင်းကဗျာ။

~~~~~~~~~~~~~

အက်ကြောင်းကဗျာ🍂Where stories live. Discover now