အပိုင်း(၁၇)

10.3K 1.5K 826
                                    

February 14။

အက်ကြောင်းကဗျာရဲ့အဆိုးဝါးဆုံးစာမျက်နှာ
ချပ်တစ်ခုဖြစ်လိမ့်မယ်။February 14။
Music ဆုပေးပွဲတစ်ခုကျင်းပမယ့်ည။
တစ်မြို့လုံးလည်းValentines Dayမို့ချစ်သူစုံတွဲများနှင့်
နှင်းဆီနီနီတွေရဲတောက်နေခဲ့တယ်။

ဝတ်ကောင်းစားလှတွေနဲ့Jeonဟာပထမဆုံး
ဖိတ်ကြားခံရတဲ့ဆုပေးပွဲကိုညနေစောင်းအချိန်
လေးမှာတက်ရောက်လာခဲ့တယ်။Camera
မီးတချိူ့ကStill With You ပိုင်ရှင်မို့ပိုပိုသာသာ
လေးတဖျက်ဖျက်....။

ရေချယ်ဟာ Jeonရဲ့နောက်မှာအထုတ်တစ်ထုတ်
ကိုင်လျှက်အဖော်လိုက်လာပေးခဲ့တယ်။
ဒီပွဲထက် ဒီပွဲပြီးရင် Jeonစီစဉ်ထားတဲ့အလှဆုံး
Suprise တစ်ခုကိုသူမပိုပြီးရင်ခုန်နေခဲ့တယ်။

TaeHyung တို့အတွဲက လိုအပ်သည်များကိုပြင်ဆင်
နေခဲ့တယ်။သိပ်တော့လည်းမဆန်းကြယ်ပါဘူး။
February 14မှာတောင်သူ့ကိုပလစ်နေလို့
Jeonကိုစိတ်ကောက်နေမယ့်ကောင်လေးကို
ရိုးရိုးရှင်းရှင်းလက်ထပ်ခွင့်လေးတောင်းရုံပဲ။ ဘယ်လောက်အံ့ဩသွားလိုက်မလဲ။

စီနီယာအနုပညာရှင်တွေကြားတေးရေးဆရာပေါက်စ
အဆိုတော်ပေါက်စလေးရဲ့လင်းလက်စအချိန်လေး
ဟာထိုညနေစောင်းမှာအတော်လေးကိုလှခဲ့ရှာပါတယ်။

__________

"မြေး ကသူ့ကို တကယ်ချစ်နေတဲ့ပုံပဲ
ဒါမျိုးပထမဆုံးဖွားတို့မြင်ဖူးတာ
တကယ်အတည်ကြီးလား..."

တစ်ချိန်ထဲမှာပဲခမ်းနားသောအိမ်ကြီးထဲတစ်အ်ိမ်လုံး၏
သဲသဲလှုပ်တစ်ဦးတည်းသောမြေးဦးလေးဟာလည်း
အလွန်ပျော်ရွှင်နေခဲ့သည်။
စားပွဲပေါ်ချထားသောတန်ဖိုးမြင့်လွန်းသည့်
ပန်းစည်းနဲ့ တခြားလက်ဆောင်ပစ္စည်းတွေဟာ
အရောင်တွေတလက်လက်။

ဟိုတစ်ခါJeonJungkook နဲ့တွဲမြင်ပြီးထဲက
Jimin ကိုသူရုန်းမရအောင်ချည်နှောင်ထားနိုင်
ခဲ့ပြီးပြီ။သူတို့အခြေအနေက တရားဝင်သာ
ချစ်တယ် မပြော၍Couple မဖြစ်နေတာ
သေချာတဲ့နေရာတွေကသေချာနေပြီ။

အငြင်းမခံရမှာသေချာပြီ။ မစောင့်ဆိုင်းခိုင်းနေမှာ
သေချာပြီ ဆိုမှ Rioကအပ်ိုင်အလုပ်ကိုလုပ်ခဲ့သည်။
လူတစ်ယောက်ကိုယ့်ကို ညွှတ်နေပြီလား
မညွှတ်ဘူးလားကလွယ်လွယ်လေးခံစားလို့ရတာပဲ။

အက်ကြောင်းကဗျာ🍂Where stories live. Discover now