အပိုင်း(၂၇)

22.2K 2.4K 1.8K
                                    

"အေး.....ပိတ်ထားလိုက်...ပိတ်နေလိုက်!!!!
အရူးကောင် !!!!ဘယ်ချောင်မှာသေဆုံးနေပြီလဲ
မသိဘူး အားးးး!!!"

ရေချယ်ဟာ Jeonကိုရှာဖွေရမယ့်တာဝန်မလို့
တစ်မြို့လုံးမြေလှန်ကာရှာနေခဲ့သည်။
တစ်ညလုံးပွဲတက်ဂါဝန်တစ်ထည်ဖြင့်ကားမောင်း
ကာသူငယ်ချင်းဖြစ်ခဲ့တဲ့တစ်လျှောက်လုံး
Jeonသွားတတ်ရှိတတ်သောနေရာပေါင်းစုံကို
အပြေးအလွှားရှာဖွေနေသည်။

JeonJungkook နဲ့ParkJimin ကြားက
လွဲမှားမှုတွေ Jiminဟာတကယ်အဆင်မပြေခဲ့
ကြောင်း သူရင်ဆိုင်နေရတဲ့ဒုက္ခတွေအကြောင်း
ကိုသာ Jeonကို အပြေးအလွှားပြောချင်စိတ်တွေ
နဲ့အတူ မူးနောက်နေအောင်ရှာဖွေခဲ့ပေမယ့်
အရိပ်အယောင်လေးတောင်မှမတွေ့ရနေပါ။

ထပ်မံ Jungkook လည်းတစ်ခုခုဖြစ်သွားပြီ
လားဆိုတဲ့အတွေးတွေသည်ချွေးတွေပါပြန်လာတဲ့အထိ။

"ရေ..ချယ် ...."

"အေး TaeHyungပြော....."

"အခြေအနေမကောင်းဘူး..."

"ဘာဖြစ်လို့လဲ...."

"ငါ ခြေထောက်ထိထားတယ်
အစ်ကိုရယ် Seokနှစ်ယောက် အဲ့အိမ်ထဲ
ဝင်သွားတာ ခုထိလည်းပြန်မထွက်လာဘူး...."

"ဘာ!!!..."

"ကင်မင်ဂျွန်က ငါတို့ထင်ထားတာထက်
အင်အားကြီးနေတယ်...ဘာဖြစ်နေလဲ
မသိပေမယ့် ငါစိတ်ပူနေပြီ...."

"Jimin Jiminကရော...."

"မတွေ့ရဘူး အိမ်မှာတော့ရှိနေတယ်
ဒါပေမယ့် ငါတို့သူ့ဆီမရောက်နိုင်ကြဘူး..."

"ရဲတိုင် ရဲတိုင် TaeHyung ..."

"မဖြစ်ဘူးနဲ့တူတယ်..Jiminကလက်ရှိမှာ
ဟိုကောင့်သားဖြစ်နေတုန်း ကင်မင်ဂျွန်နဲ့
ဆိုင်နေတုန်း သူတို့အိမ်တွင်းရေးကိစ္စ
သူတို့အိမ်ထဲရှင်းနေတာ ငါတို့ကကျူးကျော်
ဝင်တဲ့သူတွေ အဲ့ခွေးတွေရဲနဲ့လည်းပေါင်းထားမှာပဲ
မြှားဦးက ငါတို့ဆီလည်လာမှာ....."

"ပြီးတော့ Jin Hyung JinHyungကိုမြင်တာနဲ့
ရဲက သူ့ပဲဖမ်းမှာ ဘာမှမေးနေတော့မှာမဟုတ်ဘူး
ငါပြောတာ နင်သိလား....ငါတို့ဟာငါတို့Jimin
ကိုဆွဲထုတ်လာနိုင်တာကအကောင်းဆုံးပဲ"

အက်ကြောင်းကဗျာ🍂Where stories live. Discover now