အပိုင်း(၂၈)

16.4K 1.9K 687
                                    

"Jimin!!!"

အေးစက်ကာ တုန်ရီနေမှုများမပျောက်သေးသော
ခန္ဓာကိုယ်သေးသေးလေးအားချီပိုးကာအပြင်ထွက်
လာတော့ အဆင်သင့်စောင့်နေသောရေချယ်က
Jeonဆီကိုပြေးလာသည်။

"Jungkook.....ဘာဖြစ်....."

င်္အကျီဖြင့်ဖုံးကွယ်သယ်လာရလောက်သည်အထိ
အခြေအနေဟာတော်ရုံတန်ရုံဆိုးဝါးခြင်းမှမဟုတ်ဘဲ။
ဘာတွေများဖြစ်ပျက်ကုန်ပြီလဲဟုစိုးရိမ်ကြီးစွာ
ရေချယ် ပြေးလာတော့ မောင်က စူးရဲစွာတစ်ချက်
စိုက်ကြည့်လိုက်သည်။

ရေချယ်၏တုံ့ခနဲရပ်သွားသောခြေလှမ်းတွေနဲ့
မေးမြန်းတော့မည့်စကားတွေသည်တိခနဲရပ်သွားသည်။

"Namjoon Hyungဆီကိုမောင်း...."

အေးစက်စက်စကားတွင်ရေချယ်သည်
ခေါင်းတဆက်ဆက်ငြိမ့်ကာ
ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

"ဖြေးဖြေးမောင်း ...စကားမပြောနဲ့....."

ပျော့ခွေကျနေသောရင်ခွင်ထဲကအခြေအနေ
သည်မကောင်းမှန်းမောင်သိသည်။
အသက်ရှုသံတွေလည်းမမှန်သလို
ဘယ်အရာတစ်ခုမှလည်းမူမမှန်နေပါ။
အကြောက်လွန်ခြင်းသည် ဒီလောက်အထိပွေ့ဖက်
ထားတာတောင် တစ်ချက်တစ်ချက်လန့်ကာ
တုန်ရီနေတုန်း။

မောင်သည် အင်္ကျီစလေးကိုအနည်းငယ်ဖယ်ကာ
နဖူးပေါ်ချွေးစတွေကိုသေသေချာချာသုတ်ပေးရင်း

"မောင်တို့ Namjoon Hyung ဆီကို
သွားနေပြီ ကလေးနေမကောင်းရင်
Namjoon Hyungကပျောက်အောင်ကုန်ိုင်တယ်
ဆိုတာ သိတယ်မလား....."

ဘာမှမဖြေနိုင်ဘဲ အသက်လုရှုနေရတဲ့ဒီဝေဒနာ
ဟာဘယ်တုန်းထဲကလဲ။ဘယ်တုန်းထဲကစိတ်ဖိစီးမှု
တွေလဲ။ ကိုယ့်အတ္တနဲ့ ကိုယ့်မာနတွေကိုသာ
တစ်သက်လုံးရှေ့တန်းတင်ခဲ့ပြီး အချစ်ကအသက်ရှူ
မဝတော့တာကိုသတ်ိမပြုမိတဲ့အဖြစ်။

"အခြေအနေမကောင်းဘူးလား Jungkook.."

"ကောင်းတယ်....ဘာမှမဖြစ်ဘူး..."

မကောင်းဘူး ထပ်မမေးနဲ့ ဆိုတဲ့အဓိပ္ပာယ်။
ရေချယ်သည် နှုတ်ဆိတ်သာနေလိုက်ကာ
ဆေးခန်းဆီက်ိုပဲဖြေးဖြေးမှန်မှန်မောင်းသွား
လိုက်သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now