အပိုင်း(၁၄)

11.8K 1.6K 696
                                    

Jiminဆေးရုံဆင်းပြီးတဲ့နှောင်းပိုင်းနေ့တွေမှာတော့
အခြေအနေတွေဟာပိုပိုပြီးဆိုးဝါးလာခဲ့တယ်။
ဒါက Jeonဘက်ကကြည့်ရင်ပေါ့။Jiminဘက်က
ကြည့်ရင်တော့ ပိုပိုကောင်းမွန်လာခဲ့သည်။

လပေါင်းများစွာအကန့်အသတ်ထက်ကျော်လွန်
ပြီးယောကျ်ားတစ်ယောက်အပေါ်
အသေးအမွှားလေးအစ လိုက်လံခံစားရင်း
လေလွင့်နေသောဘဝသည်ပြန်လည်ရှင်သန်လာခဲ့
ပြီဟု သူယုံကြည်ခဲ့သည်။

သူတို့မတွေ့ဖြစ်ကြတော့ပါ။ဒါပေမယ့်ပြတ်ဆဲတာ
မျိုးလည်းမဟုတ်။Jeonမအားမလပ်ဆိုလျှင်
Jimin ကသွားသွားတွေ့နေသေးတော့တွေ့ရပေမယ့်
ခုJimin ကယောင်လို့ပင်ခြေဦးမလှည့်တော့။
Jeon ကလည်းသူအားလပ်မှသာ သူ့ကိစ္စတွေ
အကုန်ပြီးပြတ်မှသာ သူစိတ်ရှင်းရှင်းလင်းလင်း
ရှိမှာသာ Jimin ဆီကိုလာတတ်သည်။

ကံကောင်းစွာ သီချင်းတွေရဲ့အောင်မြင်မှုသည်
မရပ်မနား ကံဆိုးစွာ အရည်အချင်းရှိမှန်းသိ၍
နာမည်ရအဆိုတော်တွေကတောင်Jeonဆီ
စုပြုံရောက်လာတဲ့အချိန်။အသံကလည်းအဆိုတော်
လုပ်၍ရနေတာကြောင့်Jeonနယ်ပယ်နှစ်ခုလုံးအပေါ်
လောဘတကြီးပါဝင်လှုပ်ရှားခဲ့သည်။

Jiminအတွက်လုံလောက်သော လေးနက်မှုမျိုး
ကိုမရတော့ခြင်းသည် Jiminကလည်းမချစ်တော့
၍လို့ပဲဒဲ့တွေးယူခဲ့သည်။ဘာလို့ဆိုအတိတ်မှာ
အတိုင်းအထက်အလွန်သဲသဲလှုပ်ပေးခဲ့တာမလား။
အရင်ကလည်းဒီလိုFlowပဲဆိုကိစ္စမရှိပေမယ့်
ချစ်ခြင်းမေတ္တာအပေါ်အတွေးလွန် အတ္တကြီးတတ်
သောသူတွေအဖို့ကမရခဲ့ဘူး။နောက်တစ်ခုက
ထုတ်ဟပြောရမှာကိုဝန်လေးတာ မပွင့်လင်းတာ
ပြောလိုက်ဖို့ကိုရှုံးတာဟု တလွဲတွေးခဲ့တာတွေ။

တစ်ဖက်ကလည်း ဘယ်နှနှစ်တောင်အတူတူရှိ
ပြီးပြီ အသေးအမွှားလောက်ကပြောနေဖို့ရန်
မလိုတော့ဘူး။အချိန်တန်လက်ထပ်ယူနိုင်ဖို့
ကြိုးစားပြီး လက်ထပ်လိုက်ရင်ပန်းတိုင်ပဲ။
တော်ရုံကိစ္စတွေကို နားကိုနားလည်ရမယ်ဟု
အတ္တကြီးခဲ့သည်။ဘာစကားမှပြောစရာမလိုဘဲ
အလိုအလျောက်ရင့်ကျက်စွာသိရမယ့်ကိစ္စတွေ
ဟု သူ့ရဲ့ လောကဓံကြောင့် ရင့်ကျက်နေတဲ့နှလုံးသား
နဲ့နှိုင်းချကာ သူလုပ်ချင်တာတွေကိုပဲ ဇွတ်တိုး
လုပ်ခဲ့သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now