အပိုင်း(၂၀)

15.6K 2.2K 1.7K
                                    

ကင်မင်ဂျွန်စျေးပတ်ဝယ်ရာနောက်တစ်နေကုန်
လိုက်ပါပေးခဲ့ရပြီးညောင်းချိကာအိမ်ပြန်လာချိန်
တွင် အ်ိမ်ထဲတွင်ရန်ပွဲတစ်ခုသည်အဆင်သင့်။
ဟိုလူ၏ရိုက်ခွဲသံများ အမေ့ရဲ့အော်ဟစ်သံများ
သည် ရင်ဝဆောင့်ကန်သလို စိတ်ကုန်စရာအလွန်
ကောင်းနေသည်။

"ဒါ ကျွန်မတို့ အိမ် အခြေခံစီးပွါးရေးဟာ
ကျွန်မမိဘတွေရဲ့အမွေအနှစ် ရှင်တစ်ကျပ်ကစ
ပြီးတည်ဆောက်ခဲ့ရတာမဟုတ်လို့ ရှင်ပဲ
နာမည်ကောင်းဝင်ယူမနေနဲ့!!!"

"ငါ ပွါးများတိုးတက်အောင်ထပ်လုပ်လို့
ဒီအထိရောက်လာတာလေ မင်းအရည်အချင်း
နဲ့ဆိုရှိတာတောင်ကုန်သွားလိမ့်မယ် ရှင်းလား!!!"

"ပွါးများအောင် ထပ်လုပ်တာနဲ့
အကုန်လုံးရှင့်နာမည်နဲ့ဖြစ်ချင်လို့ရမလား
Jimin နာမည်နဲ့ အကုန်ထားခဲ့ပြီးသားလေ.."

"Jimin မှာ ဒါတွေကိုတည်မြဲအောင်
ကာကွယ်ပေးနိုင်တဲ့အင်အားမရှိဘူး
ငါကဒီမိသားစုရဲ့အိမ်ထောင်ဦးစီးပဲ.."

"အိမ်ထောင်ဦးစီးလည်းရှင်နဲ့မဆိုင်တာ
တွေရှိတယ်!!!"

"မင်းနဲ့ငါလင်မယားလေ မဆိုင်တာဘာမှ
မရှိဘူး မကျေနပ်လဲသေလိုက်...!!!"

အမေဒီအရာတွေနဲ့အခြေခံပြီးဒီပိုင်ဆိုင်မှု
တွေအားမက်မောလာအောင်ပြသပြီး
လက်ထပ်ခဲ့တာ။အစပိုင်းတွေမှာထိုလူက
အလုပ်တွေထပ်ကြိုးစားပြီးလူကောင်းလူတော်
တစ်ယောက်လိုPerfect ဖြစ်ခဲ့တော့အရာအားလုံး
အဆင်ပြေခဲ့တာပဲ။စိုပြေခဲ့တာပဲ။တဖြေးဖြေး
နားမလည်နိုင်စရာခြေလှမ်းတွေနဲ့အကုန်သူ့အပိုင်
တွေအဖြစ်ပြောင်းလဲလာကတော့ပြဿနာဖြစ်လာပြီ။

"တော်ကြပါတော့!!....ဒီအိမ်မှာတစ်ရက်တလေ
စိတ်အေးလက်အေးနေရမယ့်နေ့ကမရှိတော့ဘူး
လား..."

"စိတ်အေးလက်အေးနေချင်ရင်
မင်း အမေ ပါးစပ်ကိုပိတ်ခိုင်းလိုက်..."

"မပိတ်တော့ ဘာဖြစ်ချင်လဲ...!!"

ဒီယောကျ်ားကိုအမေစွန့်လွှတ်နိုင်တာလည်း
မဟုတ်။နိုင်တာလည်းမဟုတ်။သူပဲအရာရာ
အရှုံးပေးလိုက်ချစ်ပေးခဲ့ပြီးခုကျမှဘာတွေထ
ဖြစ်နေမှန်းမသိ။အိမ်ရဲ့စီးပွါးရေးတွေ ပိုင်ဆိုင်မှု
တွေကလည်းတည့်ပြုနေသောအချိန်ကတော့
ကိုယ်တောင်ဘာမှသိရတာမဟုတ်ချောမွေ့နေတာ။
ခုမှထွက်လာသောအသံတွေအပေါ်အမေ့ဘက်လည်း
ကျွန်တော််မလိုက်နိုင်တော့ဘူး။

အက်ကြောင်းကဗျာ🍂Where stories live. Discover now