အပိုင်း(၉)

19.5K 2.2K 664
                                    

2020ဟာ အတူတကွရှိခဲ့တဲ့ နောက်ဆုံးသော
ဆောင်းဦးရာသီလေးဖြစ်လိမ့်မယ်....။
နောက်တစ်ကြိမ်လာမယ့်ဆောင်းဦးရာသီမှာ
သူတို့အတူတူမရှိနိုင်ကြတော့ဘူးဆိုတာ
ကြိုမသိခဲ့လို့ မလျှော့စတမ်းဆိုးခဲ့ကြတာလား။

ဟုတ်ပါရဲ့...ဘယ်သူမှအနာဂါတ်ကို
အတိအကျကြိုမမြင်နိုင်ကြဘူးလေ။
ကွဲကွာလိမ့်မယ်နော် သိထားရင်တော့လည်း
လျှော့ကောင်းတော့လျှော့နိုင်ပါရဲ့...။

အသက်အရွယ်တစ်ခုရောက်လာတာရယ်...
ဘဝတဆစ်ချိုးအချိုးအကွေ့တွေရယ်
အတူတူရှိခဲ့ပြီးဖြစ်တဲ့ ၇နှစ်ကျော်ဟာ
နားလည်မှုတွေနဲ့ နှလုံးသားနှစ်ခုရဲ့ဟန်ချက်ညီခြင်း
တွေကိုစတင်တံခါးခေါက်လာခဲ့တယ်။

အောင်မြင်တဲ့Relationship တစ်ခုတည်ဆောက်
ဖို့ဆိုတာ တစ်ယောက်ထဲက Perfect ဖြစ်နေလို့
မရဘူး။Relationship ဆိုထဲကနှစ်ယောက်လုံးဟာ
အရေးကြီးဆုံးအခန်းကဏ္ဍကလူတွေပဲ။
လူနှစ်ယောက်လုံးသေသေချာချာချစ်ပြတတ်ဖို့
လိုအပ်တယ်။

အက်ကြောင်းကဗျာ။🍂

~~~~~~~

"နေ့မနားညမနား သီချင်းပဲရေးနေတယ်...
ငါပြဿနာရှာတော့ ကလေးအတွက်လုပ်နေတာ
လို့ခေါင်းစဉ်တပ်ပစ်တယ်...အဲ့တော့ဒီပါးစပ်ကြီးက
ဘယ်လို ဘယ်နားကို သွားအပြစ်တင်ရမလဲ"

Hoseok သည် ဘာဖြစ်ခဲ့ကြတာလဲလို့
စပ်စုလာကြသည့်ဝန်ထမ်းမလေး
တွေအား Bar၏ထောင့်တစ်နေရာက
မျက်ရည်စတွေဝဲလျှက် လက်သေးသေးတွေကို
ရှုပ်ယှက်ခတ်အောင်လုပ်ပြကာ ဝမ်းနည်းနေသော
အမူးသမားလေးဆီကနေနောက်ကြောင်းပြန်ပြသည်။

ပြောရမှာလည်းသိပ်စိတ်မပါနေတာကြောင့်
လိုရင်းတိုရှင်းအဆိုးဝါးဆုံးအခြေအနေကနေ
Hoseokကစခဲ့တဲ့အခါအလွန်ပြိုပျက်မှုများကို
စတွေ့ခဲ့ရသည်။

"ငါအရမ်းဝမ်းနည်းတယ် TaeHyungရာ...
ငါ့ အိမ်မှာနေစရာမရှိလို့ သူ့နားကပ်နေရလို့
ParkJimin က ငါမရှိလို့မဖြစ်ပါဘူးဆိုတဲ့အချိုးနဲ့
အနိုင်များကျင့်နေသလားအောက်မေ့ရတယ်..."

"အန်ိုင်ကျင့်တော့လည်း ခံရတာပဲTaeHyungရ
ငါမှသူမရှိလို့မှမရတာ သောက်ရမ်းအားကိုးတာ
တွေက သောက်ရမ်းချစ်တာတွေက
မီးတောက်နော် သူငယ်ချင်း"

အက်ကြောင်းကဗျာ🍂Where stories live. Discover now