အပိုင်း(၁၃)

11.1K 1.6K 351
                                    

"ငါ့သားအပေါ်နင်နိုင်စားလွန်းတာတွေက
ပြန်ကြားရတိုင်း အသဲနာလို့မဆုံးဘူးJungkook"

ဆေးရုံတွင်ဖြစ်သည်။Jimin သတိပြန်မလည်လာ
ခဲ့တာကြောင့်ဆေးရုံတင်လိုက်ရကာJeon
သည်ဆေးရုံတွင် Jiminအမေနဲ့ထိပ်တိုက်
တွေ့နေချိန်ဖြစ်သည်။

"ကျွန်တော် ဒီလိုဖြစ်သွားပါစေတော့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တဲ့အလုပ်မျိုးမဟုတ်ပါဘူး"

"လုပ်ပါတယ် ငါတို့မိဘတွေမျက်စိရှေ့လည်း
နင်ဆွဲလားရမ်းလားနဲ့ နိုင်နေတာတွေ
ခုဆေးရုံဆေးခန်းရောက်တဲ့အထိက
မလွန်းလွန်ဘူးလား..."

"ကျွန်တော် ဘက်ပြိုင်မငြင်းချင်ပါဘူးအန်တီ"

"ငါ့သားကတားမနိုင်ဆီးမရနင့်ကိုဖက်တွယ်
နေလ်ို့သာ ငါတို့မနိုင်လို့လွှတ်ထားခဲ့တာ
ငါတို့Jiminနဲ့နင့်ကိုဘယ်တုန်းကမှသဘောမတူခဲ့ဘူး
ဆိုတာ နင်သိမှာပါ....."

တွေ့တိုင်းမှာ မာနကိုလာရိုက်ရိုက်တဲ့ရိုက်ချက်
တွေဟာနှလုံးသားထဲအထိစိမ့်ကာနာကျင်သည်။
မပြည့်စုံမှုတွေကိုအားနည်းချက်ကြီးလို
ငွေရှင်ကြေးရှင်တွေက လက်ကိုင်တုတ်လုပ်တတ်
ကြတာသဘာဝ။သိလို့ သိလ်ို့ သူနေ့တိုင်း
အခြေအနေတစ်ခုဖြစ်မြောက်လာအောင်
Jimin ကိုလိုချင်ရင် Jiminနဲ့တန်တဲ့သူဖြစ်
အောင်ကြိုးစားခဲ့တာ။

"ဆေးရုံမှာ ဒီစကားတွေကျွန်တော့်ကို
မပြောလို့မရဘူးလား..."

"ပြောရမယ်...ခုမင်းတို့ဆက်ဆံရေးက
အရမ်းဆိုးဝါးနေပြီ Jimin ကိုလက်လွှတ်ပေး
ရင်ပေးလိုက်ပါတော့လား ငါ့သား
သူ့ဘဝသူပြန်ရှာဖို့လိုအပ်တယ်..."

"သူ့ဘဝက ကျွန်တော်လေ...."

"အရင်ကဟုတ်ခဲ့လိမ့်မယ် ခုJimin က
မင်းကိုစိတ်ကုန်တာ ဘေးကထိုင်ကြည့်တာ
တောင်မြင်နေရတဲ့ဟာ...."

"အန်တီ့ သားကို အန်တီ သူရောက်နေတဲ့
အသက်၂၀ကျော်လို့မြင်ပေမယ့်
ကျွန်တော်က Jiminကို အမြဲ၁၈နှစ်သားလေး
မှာပဲရပ်ထားတာ..."

"ထပ်ပြီးမှတ်ထားဖို့က ကလေးကဆိုးနေတာ
ကျွန်တော့်ကိုဘယ်တော့မှာစိတ်ကုန်မှာမဟုတ်ဘူး"

အက်ကြောင်းကဗျာ🍂Nơi câu chuyện tồn tại. Hãy khám phá bây giờ