အပိုင်း(၂၆)

12.7K 1.6K 651
                                    

"နောက်မလာနဲ့ Namjoon ဒီနေရာကမင်းနေ့တိုင်း
လာနေရမယ့်နေရာမဟုတ်ဘူး..."

မကြာမှီကရန်ပွဲတစ်ခုတွင်အနိုင်ယူလာသော
လူဆိုးခေါင်းဆောင်သည် ခပ်ထူထူနှုတ်ခမ်း
တွေကိုမှန်ကြည့်ကာဆေးလိမ်းနေရင်း
ရည်ရည်မွန်မွန်ထိုင်နေသောဆရာဝန်လေးအား
အေးစက်စက်ဆိုသည်။

"ကျွန်တော် Hyungကိုတွေ့ချင်လို့ပါ
တခြားလည်းမစဉ်းစားတတ်လို့..."

Jinသည် မှန်နှင့်ဆေးဘူးအားပစ်ချလိုက်သော
အသံသည်ခပ်ပြင်းပြင်း။ဆရာဝန်လေးတုန်ခနဲ။

"ငါက လူမိုက်....လူမိုက်ဆိုတာလေ
မင်းဆေးကုခဲ့တဲ့တက္ကသိုလ်ကျောင်းသားတွေလို
ဆိုးတာမျိုးမဟုတ်ဘူး....မင်းမတွေးနိုင်လောက်တဲ့
အတိုင်းအတာတစ်ခုထိကိုမိုက်တဲ့လူမိုက်..."

"အဲ့တာ ဘာဖြစ်လို့လဲ......"

ခက်လိုက်တာ...။ဆရာဝန်ဟာကပ်ချင်စရာ
လူအဲ့လောက်ရှားပါးနေလား။မအပ်မစပ်တွေ
ကိုလာငြိတွယ်ချင်နေသည်။စဆုံပြီးထဲက
Hoseokဆိုင်ကိုနေ့တိုင်းလာသည်။ဆိုင်ကသိတဲ့
အတိုင်း KimNamJoon လိုCharacter နှင့်
ဘယ်မှာလာ လိုက်ဖက်မလဲ။
သူကိုယ်တိုင်လည်းနေတတ်မနေဒါပေမယ့်
ဘာကိုခေါင်းမာမှန်းမသိ နေ့တိုင်းပဲ။

"ငါ စိတ်အနှောက်အယှက်ကျပ်ကျပ်ဖြစ်လာရင်
ထိုးတတ်တယ်နော်....."

တစ်ဖက်မှာမောင်တို့ပြဿနာတွေကြီးနေချိန်
Hoseokဆိုင်မှာလည်း လူမိုက်ခေါင်းဆောင်နဲ့
ခြင်တောင်မသတ်ရဲသောဆရာဝန်လေးတို့၏
အခြေအနေသည်လည်းနေ့တိုင်းပွဲ။

"လူမိုက်ဖြစ်တာ ဘာဖြစ်လို့လဲလို့
ကျွန်တော်မေးနေတာ....လူမိုက်ဆိုရင်
တွေ့ချင်လို့တောင်မရဘူးလား..."

စားပွဲပေါ်တင်ထားသောJinရဲ့လက်ဖဝါးတွေ
ပေါ်Joonကသူ့ရဲ့လက်ဖဝါးတွေကိုရဲရဲတင်းတင်း
အုပ်မိုးကိုင်လိုက်သည်။လူမိုက်ကြီး၏နှလုံးခုန်
သံတွေအလွန်မြန်ဆန်သွားကာ ပန်းရောင်သန်း
သွားသောမျက်နှာချောချောသည် ဘယ်လောက်
လူမိုက်ဆန်ပါစေဦး ရှက်သွားတဲ့အခါအလွန်လှခဲ့သည်။

ငယ်တဲ့ကောင်လေးတွေကလေ ဘာကြီးပဲ
ဖြစ်ဖြစ် တဇွတ်ထိုးတွေလား။

အက်ကြောင်းကဗျာ🍂Where stories live. Discover now