1

11.4K 614 22
                                    

#unicode

ကြီးကျယ်ခန်းနားလှသော စံအိမ်ကြီးသည် လပြည့်ည လရောင်၏ အောက်တွင် ခမ်းနားထည်ဝါစွာ ရှိနေခဲ့သည်။

စံအိမ်ကြီး၏ အပြင်ဘက်ကကြည့်မည်ဆိုလျှင် ဧကပေါင်းများစွာ ကျယ်ဝန်းလှတာကြောင့် ကြီးမားလှသည့်စံအိမ်ကြီးဆီသို့ရောက်ရန်ပင် မိနစ်ခန့်မျှကြာပေလိမ့်မည်။

စံအိမ်ကြီးအတွင်း မြေအောက်ခန်းတစ်ခုတွင်တော့ အလွန်ပင် စိတ်နှလုံးမချမ်းမြေ့ဖွယ် သွေးအိုင်တို့က ဟိုတစ်ကွက် ဒီတစ်ကွက်။

ညှီစို့စို့ သွေးညှီနံ့တို့ဟာ ရှူရှိုက်မိသူအပေါင်းအား အော်ဂလီဆန်စေပေလိမ့်မည်။

ထိုနေရာသည် မည်သူမျှခြေချခွင့်မရှိသော နေရာ။စံအိမ်တော်ကြီး၏ အရှင်သခင်ဖြစ်သော Dominant Alphaတစ်ယောက်၏ လျှို့ဝှက်ချက်တို့ တည်ရှိရာ နေရာဖြစ်လေသည်။
.
.
.
' ဒေါက် ဒေါက် '

တံခါးခေါက်သံနှစ်ချက်ဆင့်ကြားလိုက်ရပြီးနောက်မှာ အိမ်တော်ထိန်း၏ အသံကိုခပ်သဲ့သဲ့ကြားလိုက်ရသည်။

" မနက်စာ အဆင်သင့်ဖြစ်ပါပြီ သခင် "

King sizeအိပ်ယာပေါ်တွင် လှဲနေသောသူက ကတ္တီပါရောင် ပိုးသားညအိပ်ဝတ်ရုံကြိုးကို တစ်ချက်မျှ ပြန်ပြင်ချည်နှောင်ကာ အိပ်ခန်းတံခါးမကြီးအား ဖွင့်လှစ်ပေးလိုက်သည်။

ထို့နောက် အိမ်တော်ထိန်း၏ အနောက်တွင်ပါလာသော တူညီဝတ်စုံတို့ဖြင့် အိမ်စေအမျိုးသမီးငယ်တို့မှာ ဦးခေါင်းအားညွှတ်လျှက် သခင်၏ အိပ်ဆောင်အတွင်းသို့ဝင်ကာ မိမိတို့၏ နေ့စဥ်တာဝန်ကို သေသပ်စွာ တိတ်ဆိတ်စွာ လုပ်ဆောင်ကြတော့သည်။
တစ်ချို့က ရေချိုးခန်းအတွင်းဝင်ကာ သခင်ရေချိုးနိုင်ရန်အတွက် ပြင်ဆင်ကြသည်။

မိန်းကလေးငယ်များ ပြင်ဆင်ပြီးသည်နှင့် သခင်သည်  ရေချိုးခန်းအတွင်းသို့ဝင်ရောက်ကာ ကိုယ်လတ်သန့်စင်တော့သည်။

ထိုအခိုက် အိမ်စေအမျိုးသမီးငယ်များမှာ သခင်၏ အိပ်ယာအား သပ်ရပ်အောင်ပြုပြင်ပြီး တစ်ချို့က သခင့်အတွက်ဝတ်စုံအား ပြင်ဆင်နေကြသည်။

Mysterious AlphaWhere stories live. Discover now