11

3.7K 448 33
                                    

#unicode

အခန်းထဲရောက်သည်နှင့် ထယ်ယောင်း၏ ကျောလေးဟာ အိစက်နေသည့် မွေ့ယာထဲ နစ်မြုပ်သွားမတတ် ဖိနှိပ်ခံရတော့သည်။

အလျှင်မပြတ်ရောက်လာသည့် အနမ်းတွေကြောင့် ထယ်ယောင်းထံတွင် အသံသေးသေးလေးများ ပလုံစီစွာဖြစ်ပေါ်နေတော့သည်။

နှုတ်ခမ်းတွေဆီကနေ လည်တိုင်တစ်လျှောက်ရောက်ရှိသွားသည့် နွေးထွေးသည့် လျှာဖျားကြောင့် ထယ်ယောင်းက ခေါင်းလေးကို မော့ထားမိသည်။

လက်တွေဟာလည်း သခင့်ဆံနွယ်တွေထဲ ပြေးလွှားနေမိသည်။

လျှာဖျားနွေးနွေးဟာ လည်ပင်းအနောက်နားဆီမှ glandsလေးဆီသို့ လူးလားခေါက်တုန့်ပြန်နေကြသည်။

ထို့နောက် ခပ်စူးစူး စိုက်ဝင်သွားသည့် အထိအတွေ့ ...

" အ! "

ညည်းညူးသံလေးဟာ ခဏသာပြုမူနိုင်ပြီးနောက်မှာတော့ ကော်ဖီရနံ့လေးနှင့် ကွတ်ကီးရနံ့လေးဟာ အိပ်ခန်းတစ်ခုလုံးတွင် လုံးထွေးပျံ့နှံ့သွားလေတော့သည်။

ကိုကိုသည် သူ့အား အမှတ်အသားပြုလိုက်ပြီဖြစ်သည်။တစ်ဦးကိုတစ်ဦး အတည်တကျပိုင်ဆိုင်ပြီဟူသော အသိက ထယ်ယောင်းအား ပိုမိုရဲတင်းလာစေသည်။

" ကိုကို.. "

" အင်း ဘေဘီ ဘာလိုချင်လဲ ဟွန် "

ထယ်ယောင်းမှာ မိမိအားအုပ်မိုးထားသည့် မျက်နှာချောချောကို ဆွဲယူကာ နှုတ်ခမ်းတို့အား အငမ်းမရစွာ နမ်းရှိုက်မိတော့သည်။

ထယ်ယောင်း ကိုကို့ရဲ့အထိအတွေ့တွေကို ဒီထပ်ပိုလိုချင်လာသည်။ခန္ဓာကိုယ်ပေါ်မှာ ပြေးလွှားနေသည့် ကိုကို့လက်တွေက ထယ်ယောင်းကို ရူးသွားအောင် စေစားနေသည်။

အသိစိတ်မကပ်နိုင်စွာ လိုချင်သည်များကို အငမ်းမရစွာ ယူဆောင်နေမိသည်။

" အင့် ကိုကို "

ခါးဆီကနေ ဖျစ်ညှစ်လာသော လက်ဖဝါးကြီးကြောင့် အသားအရေလေးက အရောင်ရင့်လာရသည်မို့ နာကျင်မှုကပါ တွဲလျှက်ပါလာသည်။

ကိုကိုဟာ ထယ်ယောင်း၏ ကိုယ်ပေါ်ရှိအဝတ်အစားများကို ဆွဲဖြဲမပစ်ရုံတမည် ချွတ်ယူသည်။

Mysterious AlphaWhere stories live. Discover now