14

2.2K 330 6
                                    

#unicode

ငြိမ်သက်စွာ အိပ်ပျော်သွားပြီဖြစ်သောကောင်လေးကို သူ့လက်မောင်းတွေကြားမှ ခေါင်းအုံးပေါ် အသာချပေးလိုက်သည်။

အများကြီးပင်ပန်းခဲ့ရှာသည့်ကောင်လေးဟာ သူ့အားဖွင့်ဟဝန်ခံဖို့ သတ္တိတွေဘယ်လောက်များ မွေးခဲ့ရလေမလဲ သူမတွေးဝံ့လောက်အောင် နာကျင်မိသည်။

" ကိုကို့ကိုချစ်တယ်တဲ့လား "

နှဖူးပေါ်တွင် ကပိုကရိုရှိနေသော ဆံပင်လေးကို သပ်တင်ပေးရင်း သူဖွဖွရေရွတ်မိသည်။

" ကိုယ့်အတွက်အချိန်တစ်ခုပေးပါ ထယ်ယောင်း ကိုယ့်ကိုတင်မက တလောကလုံးကို မင်းအပိုင်လို့ခံစားရတဲ့အထိ ကိုယ်ဖန်တီးပေးမယ် "

သည်ကတိကို လွယ်လွယ်ပေးခဲ့ခြင်းမဟုတ်ပါ။Alphaတစ်ယောက်မှ သူ၏ Omegaအား ကတိပြုခြင်းဖြစ်သည်။

ရုတ်ချည်းဆိုသလို သူ၏မျက်စံများဟာ နက်မှောင်လာရင်း မေးရိုးများက ထင်ရှားလာသည်။

သူအခွင့်ပေးထား၍ အသက်ရှင်နေရတဲ့ လူတစ်စုဟာ သူ့နှလုံးသားအား ဒဏ်ရာတွေလာပေးနေလေပြီ။
သူတစ်ခုခုလုပ်မှဖြစ်တော့မည်။

.....

ထယ်ယောင်း အိမ်မက်မက်ခဲ့သည်။အိမ်မက်ထဲတွင် ကိုကိုဟာ သူ့အားချစ်ကြောင်း တဖွဖွဝန်ခံနေခဲ့လေသည်။

အိပ်ယာကနိုးထလာတော့ ဘေးတွင် ကိုကိုရှိမနေတော့ပါ။

အချိန်မှန်သွားတတ်သည့်သူက ယနေ့တော့ အနည်းငယ်စောကာ ထွက်သွားခြင်းဖြစ်ရမည်။

" ဦးလေး ကိုကိုမနက်စာစားသွားရဲ့လား "

" စားသွားပါတယ် ကလေးရဲ့ "

ဦးလေးသည် ထယ်ယောင်းအား မနက်စာစားရန်တိုက်တွန်းပြီး အလုပ်ရှိသေးသည်ဆိုကာ ထွက်သွားတော့သည်။

မနက်စာစားပြီးသည်နှင့် ထယ်ယောင်းတွင် လုပ်စရာဟုသည် မရှိတော့ပေ။
ထယ်ယောင်းမှာ ထိုသို့မနေတတ်၍ စားဖိုဆောင်ကို ခြေချချင်သော်လည်း တားမြစ်ထားသူ၏ မျက်နှာကိုမြင်ယောင်လာတော့ စကားနားထောင်ချင်စိတ်က ထိန်းမရသိမ်းမရအနိုင်ယူပြန်သည်။

Mysterious AlphaWhere stories live. Discover now