6

3.2K 472 32
                                    

#unicode

ပွေ့ချီလာသော ခန္ဓာကိုယ်သေးသေးလေးက ယခုထိတိုင် တုပ်တုပ်မလှုပ်လာသေးပေ။
ဒါဟာ မိတ်ဖတ်ဆိုသည့် အသိကြောင့် ဂျောင်ဂုစိတ်ထဲ ထူးဆန်စွာပင် နွေးထွေးနေလေသည်။

ဒီကောင်ငယ်လေး၏ သွေးကိုသောက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ပြေသွားသည့် ကျိန်စာကြောင့် ဒါဟာ သေချာပေါက် သူ၏ မိတ်ဖက်ဖြစ်သလို မိတ်ဖက်ဟာ သူ့ထံပါး အလိုလိုရောက်လာမည်ဟူသည့် နတ်ဆရာမ၏ စကားသည်လည်း မှန်ကန်လို့နေလေသည်။

လှေကားတွေအတိုင်း တက်လာလိုက်တာ တတိယထပ်ရှိ အခန်းတံခါးကြီးရှေ့သို့ရောက်လာတော့သည်။
တံခါးကိုဖွင့်လို့ အခန်းထဲဝင်လာကာ ပွေ့ချီထားသည့် ကိုယ်လေးကို အိပ်ယာပေါ်သို့ ဖြေညှင်းစွာ ချလိုက်သည်။

လင်းထိန်နေသည့် အခန်းကြောင့် မျက်စိရှေ့တွင်ရှိနေသော ကောင်လေး၏ မျက်နှာနုနုဟာ ရဲထွေးနေလေသည်။
အလန့်တကြား ငိုထားရ၍ဖြစ်မည်။

စားဖိုဆောင်အတွင်းသို့ သူဘာကြောင့်ရောက်နေရသလဲ မေးလာလျှင် မွှေးပျံ့နေသည့် သွေး ရနံ့လေးကြောင့်ဟုဖြေရမည်။

ပုံမှန်လပြည့်ညတွေလို သူသည် အစစအရာရာ သတိနှင့်နေခဲ့ပါသည်။
မှောင်ရီပျိုးလို့ အလုပ်သမားတွေ အခန်းထဲကိုယ်စီ ဝင်ကြသည်နှင့် မိမိကိုယ်ကိုယ် မြေအောက်ခန်းထဲတွင် သံကြိုးလက်ထိပ်များဖြင့် ခတ်ကာ တုပ်နှောင်ပြီးနေခဲ့သည်။

ညနက်လာသည်နှင့် မြေအောက်ခန်း၏ ပြတင်းတံခါးငယ်မှ လရောင်သည် သူရှိရာဆီ ဖြန့်ကျက်လို့လာတော့သည်။

တစ်ဆတစ်ဆပြောင်းလဲလာသည့် အသွင်အပြင်နှင့်အတူ စိတ်တို့သည်လည်း ဆာလောင်မွတ်သိပ်မှုတို့ဖြင့် အရိုင်းဆန်လာခဲ့ကြတော့သည်။

ထိုအခိုက်တွင် နှာခေါင်းထဲသို့ရောက်လာသည့် မွှေးပျံ့သည့် သွေးအနံ့ဟာ သူ၏ခွန်အားတို့ကို ပိုမိုတိုးလာစေခဲ့သည်။

အနံ့လေးနှင့်တောင် သူ့တွင်အားအင်တွေဖြစ်တည်လာရသည်ကို အားရပါးရ သောက်သုံးလိုက်ပါက ဘယ်လောက်များ သူ့ခွန်အားတွေ ကြီးမားလာနိုင်မည်နည်း။

Mysterious AlphaWhere stories live. Discover now