5

3.1K 469 35
                                    

#unicode

' ဒေါက် ဒေါက် '

တံခါးခေါက်သံကြောင့် စာအုပ်ဖတ်နေရာမှ အသံပြုလိုက်သည်။

" ဝင်ခဲ့ "

အိမ်တော်ထိန်းကြီးသည် ကော်ဖီချည်းသပ်သပ်မဟုတ်ပဲ မုန့်တစ်ချို့ပါ ယူလာပုံထောက်သည်။

" သခင်ဘာများပြောစရာရှိလို့ပါလဲ "

စာအုပ်ကို ခုံပေါ်သို့ အသာအယာတင်လိုက်ပြီး အိမ်တော်ထိန်းကြီးကို ထိုင်စေလိုက်သည်။

" အိမ်တော်ထိန်းကြီးရဲ့တူကိစ္စပါ "

သူ့အကြည့်တွေက ခုံပေါ်ရှိ ချစ်စရာကွတ်ကီးလေးများဆီရောက်သွားတော့ အနည်းငယ်ပြုံးမိသလားတောင်မသိတော့ပေ။

" ဟုတ်ကဲ့ ပြောပါသခင် "

" အင်း သူ့ရဲ့ဟင်းချက်ကောင်းပုံကြောင့်ပါပဲ ကိုယ်ကကျေးဇူးတင်တယ်လို့ပြောပေးပါ
ခုတလော အလုပ်ကိစ္စနဲ့ကိုယ်နည်းနည်းပင်ပန်းနေရပေမယ့် အရင်လို အစားအသောက်မပျက်ရဘူး "

အိမ်တော်ထိန်းကြီးမှာ ပြောင်းလဲသွားသည့် အိမ်ကြီးရှင်ကိုသာ သဘောတကျကြည့်နေမိသည်။
အိမ်ရှိအလုပ်သမားများတွင် သူနှင့်အတွင်းရေးမှူးကိုမှလွဲ စကားပင်မပြောသည့် သခင်ဟာ သူ့တူကလေးအား ကျေးဇူးတင်ကြောင်း တကူးတကခေါ်ပြောနေလေသည်။

" တူလေးကိုပြန်ပြောလိုက်ပါ့မယ်သခင် "

" ဒါနဲ့ သူ့အသက်ဘယ်လောက်ရှိပြီလဲ "

ဘာရယ်မဟုတ် တော်လွန်းသည်ကြောင့် အနည်းငယ်စူးစမ်းမိခြင်းသာ။သူတစ်ပါးအကြောင်း ခေါင်းထဲမထည့်တတ်သော်လည်း သူမေးဖြစ်ခဲ့သည်။

" ၁၈နှစ်ပါသခင် "

ဂျောင်ဂုမှာ အံ့ဩရသည်။ဒီအသက်ငယ်ငယ် ချာတိတ်တစ်ယောက်က ဒီလောက်အရသာရှိတဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်သတဲ့လား......

အိမ်တော်ထိန်းကြီးလည်း တိတ်ဆိတ်သွားသည့် သခင်ဖြစ်သူကြောင့် စာဖတ်ခန်းဆီမှ တိတ်တဆိတ်ပြန်ထွက်လာခဲ့လိုက်သည်။

တော်သေးသည်။သခင်ဟာ အများကြီး မမေးမြန်းပဲ တိတ်ဆိတ်သွားခဲ့လိုသာပေါ့။ထယ်ယောင်းလေးအား ခေါ်တွေ့ပါလျှင် မည်သို့ပင် ဖုံးကွယ်နိုင်ပါစေဦးတော့ Dominant Alphaတစ်ယောက်ဖြစ်သည့် သခင်ဟာ ထယ်ယောင်းလေးသည် Omegaမှန်း ချက်ချင်းသတိထားမိနိုင်သည်။

Mysterious AlphaDonde viven las historias. Descúbrelo ahora