#unicode
အိပ်ယာထပ်တွင် ကွေးကွေးကလေး အိပ်နေသူကို တစိမ့်စိမ့်ကြည့်နေမိသည်မှာ နာရီတွေချီ၍ကြာခဲ့ပြီဖြစ်သည်။
ဝမ်းနည်းကာ ငိုထားသူ၏ မျက်နှာလေးက ယခုချိန်ထိကို ရဲထွေးသည့်အရောင်မပြယ်ချင်သေးပေ....
သူ၏စိတ်တွေက ထိုဇာပနပွဲဆီပြန်ရောက်သွားတော့ မေးရိုးတွေထင်းသွားသည်အထိ အံကြိတ်မိသွားသည်။
အဲ့ဒီနေရာဟာ ကောင်ငယ်လေးအတွက် ဝမ်းနည်းရသည့်နေရာမို့ သူဘယ်လောက်တောင် ဒေါသတွေထိန်းနေခဲ့ရသလဲ...
သေချာစွာတွေးကြည့်လျှင်တော့ ဒီကလေးငယ်အကြောင်း အိမ်တော်ထိန်းကြီးပြောပြသလောက်သာ သူသိထားခဲ့တာဖြစ်သည်။
ဖုန်းကိုယူကာ အတွင်းရေးမှူးထံသို့ messageပို့လိုက်သည်။
' ထယ်ယောင်းရဲ့မိထွေးနဲ့အကိုအကြောင်းစုံစမ်းပေးပါ အတွင်းရေးမှူး ညနေသိချင်တယ် '
ကောင်ငယ်လေးနိုးသွားမည်မလိုလား၍ သူmessageသာပို့ထားလိုက်ကာ အတွင်းရေးမှူးထံမှ ချက်ချင်းတုန့်ပြန်စာရောက်လာသည်။
သက်ပြင်းတစ်ချက်ချလို့ အိပ်ပျော်နေသူ၏ ဆံနွယ်ပျော့ပျော့တွေကို ထိတွေ့ပွတ်သပ်ပေးနေမိသည်။
ကျိန်စာတွေနဲ့ အထီးကျန်စွာ ရှင်သန်လာတဲ့သူ့ဘဝထပ် ဒီကလေးရဲ့ ဘဝဟာဆိုးနေခဲ့သလား....
ထိုသို့ဆိုးဝါးစေသူတွေကို လုံးဝခွင့်လွှတ်ပေးမည်မဟုတ်ပေ...သူဟာ ဒီomegaလေးရဲ့ Alphaဖြစ်တာမို့ ထိုသို့ခွင့်မပြုနိုင်။တန်ရာတန်ကြေးထပ်ပိုကာ ပေးဆပ်စေကြရမည်။
" အင့် ဟင်း... "
ရှိုက်သံတစ်ချို့ကြားရ၍ အတွေးတွေကိုရပ်တန့်ကာ ကောင်ငယ်လေးကို ကြည့်မိတော့ မှိတ်ထားသော မျက်ဝန်းတွေဆီမှ မျက်ရည်တွေကျနေတော့တာဖြစ်သည်။
" ဘေဘီ! "
သူ ခပ်ဖွဖွလှုပ်နှိုးမိသည်။အိမ်မက်ဆိုးတွေထဲကနေ ခေါ်ထုတ်နေမိသည်။
" ဘေဘီ ထပါဦး ဘာဖြစ်လို့လဲ ဟင် "
သူ၏အသံကို အနှိမ့်ဆုံးထား၍ နူးညံ့မှုတို့ ဖြည့်တင်းထားလိုက်သည်။မျက်လုံးလေးတွေပွင့်လာချိန် ကောင်ငယ်လေးဟာ မောပန်းနေတော့တာ...