#Unicode
တံတိုင်းကြီး တစ်ခုသဖွယ်မြင့်မားသော သံတံခါးကြီးကိုကြည့်ရင်း ထယ်ယောင်းစိတ်ထဲ ရှိန်လာသည်။
သံတံခါးကြီး၏ တိုင်တွေကြားထဲမှ မြင့်မားလှသည့် စံအိမ်တော်ကြီးကို လှန်း၍မြင်နေရသည်။
ဦးလေးက သူ့လက်မောင်းကို ခပ်ဖွဖွဆုတ်ကိုင်ကာ ' ဝင်ရအောင် ကလေး ' ဟုပြောသည်။
" ဦးလေး အဆင်ပြေမှာပါနော် "
ဦးလေးက ခေါင်းအသာငြိမ့်ပြသော်လည်း ထယ်ယောင်းမှာတော့ gland padဆီက အနံ့စိမ့်မထွက်ရေးပဲ စိုးရိမ်နေရသည်။
heatကာလနီးလာပြီမို့ ထယ်ယောင်းမှာ အထူးသတိထားနေရသည်။
ထို့နောက် လက်သီးကလေးဆုတ်ရင်း ဦးလေးနှင့်အတူ စံအိမ်တော်ကြီးဆီ ခြေလှမ်းစခဲ့တော့သည်။
" သခင် ဘယ်မှာလဲ "
တူညီဝတ်စုံတွေ ဝတ်ဆင်ထားကြသော အမျိုးသမီးတွေထဲမှ တစ်ဦးကို ဦးလေးကမေးလိုက်သည်။
" သခင် companyကိုသွားပါပြီ အိမ်တော်ထိန်းကြီး "
" အစစအရာရာ သခင့်စိတ်တိုင်းကျဖြစ်ရဲ့လား "
" သခင်ဒီနေ့စိတ်ကြည်ကြည်လင်လင်ပါပဲ "
" ကောင်းပြီ လုပ်စရာရှိတာတွေ ဆက်လုပ်ထားကြပါ "
ဦးလေးက ထိုတူညီဝတ်စုံလေးတွေဖြင့် အမျိုးသမီးများကို စေခိုင်းကာ ထယ်ယောင်းအား အိမ်တော်၏ အတွင်းသို့ခေါ်ဆောင်သွားသည်။
အခန်းတွေ တန်းစီကာရှိနေသော လျှောက်လမ်းတစ်ခုကို ထယ်ယောင်းသွားနေတာဖြစ်သည်။
" လာ ကလေး ဒါက သားနေရမယ့်အခန်းပဲ "
ဦးလေးဖွင့်ပေးသော အခန်းထဲသို့ ထယ်ယောင်းဝင်လိုက်သည်။
တစ်ယောက်တည်းသမားအတွက် သေသေသပ်သပ်တည်ရှိနေသော အခန်းဖွဲ့စည်းပုံလေးမို့ ထယ်ယောင်းစိတ်ထဲ လုံခြုံသွားရသလို....." သားရဲ့ပစ္စည်းတွေကို ပြန်ယူမနေနဲ့ ဦးလေးပဲစီစဥ်ပေးမယ်
ပြီးရင် စားဖိုဆောင်ကိုသွားရအောင် "ထယ်ယောင်းက ခေါင်းငြိမ့်ပြီး အခန်းကလေးကို နောက်ထပ်တစ်ကြိမ် ဝေ့ဝဲကြည့်ပြီးကာမှ ဦးလေးနောက်က လိုက်လာခဲ့သည်။