9

3.1K 445 21
                                    

#Unicode

စားပွဲခုံ အရှည်ကြီးပေါ်တွင် တည်ခင်းထားသည်များက အမယ်စုံလင်စွာ....

ပန်းအလှဆင်ခြင်းတွင် ကျွမ်းကျင်ကြသူများက စားပွဲပေါ်တွင် အနံ့မပြင်းသော ပန်းတို့ဖြင့် အလှဆင်နေကြသည်။

" အားလုံးအပြီးသတ်ဖို့လုပ်ကြတော့ ကလေးမတွေ ခဏနေရင် သခင်ရောက်လာတော့မယ် "

အိမ်တော်ထိန်းကြီး၏ စကားသံအဆုံး ဘီတာမိန်းကလေးများက ပန်းအလှဆင်ခြင်းကို အဆုံးသတ်ကာ အမွှေးဖယောင်းတိုင်လေးများကို စတင်မီးညှိ၍ တစ်နေရာတည်းတွင် တန်းစီကာ ရပ်နေကြသည်။

မကြာခင်အချိန်တွင် သခင်သည် လှေကားဆီမှ ခန့်ထည်စွာ ဆင်းလာတော့သည်။

ထမင်းစားခန်းဆီသို့ ရောက်လျှင်ပဲ မြင်လိုက်ရသည့် အပြင်အဆင်များကို သူသဘောတွေ့ခဲ့သည်။

ခပ်မှိန်မှိန် မီးဆိုင်းတစ်ခုကိုသာဖွင့်ထားပြီး ဖယောင်းတိုင်မီးအား အသာပေးထားကာ တယောသံခပ်တိုးတိုးလေးကလည်း အခန်းတွင်း ပျံ့လွင့်နေသည်။

" အိမ်တော်ထိန်းကြီးကလွဲရင် ကျန်တဲ့သူတွေ အနားယူနိုင်ပါပြီ "

သခင်သည် ထိုင်ခုံတွင် အကျအနထိုင်၍ အမိန့်ပေးလိုက်သည်နှင့် အိမ်စေမိန်းကလေးများက ခေါင်းငုံ့အရိုအသေပေးကာ တိတ်တဆိတ်ထွက်သွားကြတော့သည်။

" ထယ်ယောင်းလေးက သခင်နဲ့ညစာ အတူစားရဖို့အတွက် ပြင်ဆင်နေပါတယ် သခင် မကြာခင်ရောက်လာတော့မှာပါ "

အိမ်ကြီးရှင်၏ နှုတ်ခမ်းတွေဟာ စက္ကန့်စာမျှ အပြုံးတို့ထင်ဟပ်သွားသည်။
အိမ်ကြီးရှင်အား စောင့်စေသည့် သူ၏Omegaအဆိုးအဆာလေး......

" ကိုယ်သူ့ကိုသွားခေါ်လိုက်ပါ့မယ် "

" မဟုတ်တာ သခင်ရယ် ဒီလိုမျိုးမပြုမူကောင်းပါဘူး "

အိမ်တော်ထိန်းကြီးမှာ ထိုင်ခုံမှဆက်ခနဲထလာသော အိမ်ကြီးရှင်အား အမြန်တားယူရတော့သည်။

" သခင်က ဒီအိမ်ကြီးရဲ့အရှင်သခင်ပါ ဒီလိုမျိုးတွေအထိ လိုက်လျောပေးလို့ မသင့်တော်ပါဘူးသခင် ထယ်ယောင်း  ကျွန်တော့်တူလေးက သာမန်ကလေးငယ်တစ်ယောက်ပါပဲ.. "

Mysterious AlphaWhere stories live. Discover now