8

3.2K 450 35
                                    

#unicode

ခပ်နုပ်နုပ်အိမ်ကလေး၏ တံခါးအား နှစ်ချက်မျှ ခေါက်လိုက်ချိန်တွင် အထဲမှနေ၍ အသိအမှတ်ပြုသံတစ်ခုထွက်ပေါ်လာသည်။

ယခု သူ နတ်ဆရာမကြီးရှိရာဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

" မင်းရောက်လာပြီပဲ "

အသက်အရွယ်ရင့်လှပြီဖြစ်သောကြောင့် ပါးရည်များပင်တွန့်နေပြီဖြစ်သော နတ်ဆရာမကြီး၏ အသံတုန်တုန်က ထွက်ပေါ်လာသည်။

" မင်းရဲ့ဖယ်ရိုမုန်းနံ့တွေထဲမှာ ရောယှက်နေတဲ့ အနံ့တစ်ခုကို ရနေတယ်  မိတ်ဖတ်နဲ့တွေ့ခဲ့ပြီပေါ့ "

တစ်လုံးတစ်ပါတမျှမပြောရသေးခင်မှာပဲ နတ်ဆရာမကြီးဆီမှ ဆက်တိုက်ဆိုသလို အမှန်တရားတို့အား ကြားနေရသည်။

" လွန်ခဲ့တဲ့နှစ်တွေကပြောခဲ့တဲ့စကားတွေက မှန်ရဲ့လားကောင်လေး ဟင် "

နတ်ဆရာမသည် သူမ၏ ရှေ့မှ စားပွဲခုံပေါ်တွင် တင်ထားသော ကဒ်တစ်ချို့အား ယူဆောင်ကာ လက်ထဲတွင် ကစားနေသည်။

" သူကတကယ်ပဲ ကိုယ့်ကျိန်စာတွေကို အပြီးတိုင်ပျောက်ကွယ်သွားစေနိုင်တယ်လား "

" အဟွန်း မင်းက အခုထိမယုံသေးပဲကို "

ဂျောင်ဂု မယုံသည်မဟုတ်။ကောင်ကလေးဟာ သူ့မိတ်ဖက်ဖြစ်ကြောင်း သူအတည်ပြုခဲ့ပြီးဖြစ်သည်။

သူမယုံကြည်သည်မှာက ကျိန်စာပင်ဖြစ်သည်။သူ့ကြောင့်ဖြင့် ထိုကလေးအား အထိခိုက်မခံနိုင်၍ အတည်ပြုနေရခြင်းဖြစ်သည်။

" မင်းရဲ့Rutဟာ ဒီလပြည့်ညမတိုင်ခင်မှာ စလိမ့်မယ် အဲ့ဒီကာလကို မင်းရဲ့မိတ်ဖက်နဲ့ဖြတ်သန်းပြီးရင် ကျိန်စာတွေဟာ ဘဝတစ်လျှောက်လုံး ပျက်ပြယ်သွားပြီ "
သူသိလိုသည့်အရာကိုကြားပြီးသည်မို့ ဂျောင်ဂုအိမ်လေးထဲမှ ထွက်သွားရန် ပြင်လိုက်သည်။

" မင်းရဲ့မိတ်ဖက်ကို ဂရုစိုက်ပါ သူ့မှာအန္တရာယ်တွေ ရှိနေတယ် မင်းမဟုတ်တဲ့ Alphaတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကြောင့် အသက်စတေးရတဲ့အထိ မြင်နေရတယ် "

ဂျောင်ဂု၏ လက်တွေဟာ တင်းကျပ်သွားရသည်။သူ့omegaအား ထိုသို့အဖြစ်ခံမည်မဟုတ်ပေ။

Mysterious AlphaWhere stories live. Discover now