#Unicode
ဂျောင်ဂု နေ့လည်စာအတွက်ပြန်လာတော့ ထယ်ယောင်းကို ချက်ချင်းမတွေ့ရပေ။
" အိမ်တော်ထိန်းကြီး သူဘယ်မှာလဲ "
ကားထဲကထွက်ထွက်ချင်း မျက်စိအောက်ရောက်နေသင့်သူကို မတွေ့တာမို့ သူ့အသံကသိပ်တော့ကြည်လင်မနေပါ။
coatကို ဘေးရှိ အိမ်စေတစ်ဦးထံပစ်ပေးရင်း shirt၏ အပေါ်ဆုံးကြယ်သီးအား ဖြုတ်ကာ နတ်ခ်တိုင်းကို ဖြေလျော့ပစ်လိုက်သည်။
သူယနေ့ စိတ်အိုက်နေလေပြီ.....
" စားဖိုဆောင်ထဲမှာ သခင့်အတွက် နေ့လည်စာပြင်ဆင်နေပါတယ် "
ဂျောင်ဂုက အပေါ်သို့သွားမည့် ခြေလှမ်းတွေကိုရပ်ကာ စားဖိုဆောင်ဘက်သို့ ဦးတည်လိုက်သည်။
တစ်အိမ်လုံးကို သူ့အမိန့်တစ်ခုနှင့် ထိန်းချုပ်နိုင်သည့် Alphaက ဒီပေါက်စနတစ်ယောက်ကိုတော့ အမိန့်ပေးရမနေပေ။
သူလာသည်ကိုတွေ့လျှင်ပဲ အကုန်လုံးက လမ်းတစ်ခုထားပေးကာ အသီးသီး ဘေးတွင်ရပ်နေကြတော့သည်။
apron အကျအနဝတ်ကာ အလုပ်ရှုပ်နေသူက သူ့ဟင်းလျာများတွင်သာ အာရုံအပြည့်ရှိနေတာမို့ ပတ်ဝန်းကျင်ကို သတိမထားမိသလို သူလာသည်ကိုလည်းမသိပေ။
" ထယ်ယောင်း "
သူ၏အသံဟာ လွှမ်းမိုးမှုတစ်ခုရှိနေမှန်း ဘေးတွင်ရှိနေသော betaတွေပါ ခံစားမိနေသည်။
ပေါက်စန၏ ကိုယ်လုံးလေး တစ်ချက်တုန်သွားရင်း သူ့အားလှည့်ကြည့်လာသည်။
" ကိုကို ပြန်ရောက်လာပြီ "
" ကိုယ့်နောက်လိုက်ခဲ့ "
ထိုမျှသာပြောပြီး ထွက်သွားသူနောက်ကို ထယ်ယောင်းမဖြစ်မနေလိုက်ရပေတော့သည်။
ကိုကိုဟာ နောက်ပိုင်းသူစားဖိုဆောင်ဝင်သည်ကို လုံးဝတားမြစ်ထားသည်။
စည်းမရှိသည့် စကားတို့အား နားမထောင်စေလိုသောကြောင့်မှန်းသိသော်လည်း ထယ်ယောင်းတွင် ထိုမှတစ်ပါး လုပ်စရာလည်းမရှိနေပေ။
အခန်းထဲရောက်သည်နှင့် sofaပေါ် ခြေချိတ်ထိုင်နေသူနား မရဲတရဲ ဝင်ထိုင်လိုက်သည်။