2

3.5K 505 10
                                    

#zawgyi

အရေးတကြီး သွားစရာပေါ်လာ၍ အဘိုးကြီးကင်မ်တစ်ယောက် သခင့်ထံတွင်တောင် ခွင့်ပြုချက်မတောင်းနိုင်ပဲ ထွက်လာခဲ့ရသည်။

သူထိုသို့ထွက်လာ၍သာ တော်သေးသည်။မဟုတ်လျှင် ထိုကလေးငယ်ဘဝက ပျက်စီးဖို့သာရှိသည်။

အိမ်တော်ကိုပြန်ရောက်သည်နှင့် သခင်က လာတွေ့ခိုင်းသည်ဟူသော စကားကြောင့်​ခွင့်တောင်းမည့်အကြောင်းအား ကြိုတင်တွေးနေမိသည်။

သခင် နေ့လည်ခင်းအချိန် ကော်ဖီမသောက်ရသေးဘူးဟူသော စကားကြားကာမှ ကမန်းကတမ်းပြင်ဆင်ရသည်။

သူသခင့်အပေါ် ပျက်ကွက်မိ၍ သခင်စိတ်ကွက်နေမည်ထင်သည်။

ထို့ကြောင့် ကော်ဖီခွက်ကို သယ်ဆောင်ကာ သခင်ရှိရာဒုတိယထပ်က စာဖတ်ခန်းဆီ တက်လာခဲ့လိုက်သည်။

" ကျွန်တော် ပြန်ရောက်ပါပြီ သခင် "

စာဖတ်နေသော သခင်သည် သူ့အသံကြားသည်နှင့် လက်ထဲက နီညိုရောင်ကတ္တီပါမျက်နှာဖုံးဖြင့် ချုပ်လုပ်ထားသော စာအုပ်ကို စားပွဲပေါ်သို့ ညင်သာစွာတင်ကာ သူ့အားကြည့်လာသည်။

" ကိုယ့်ကိုတောင်အသိမပေးပဲ ထွက်သွားတာဆိုတော့ တော်ရုံအရေးတကြီးမဟုတ်လောက်ဘူးပေါ့ ဘာပြဿနာရှိနေလို့လဲ အိမ်တော်ထိန်းကြီး "

ပြင်ဆင်လာသည့် ကော်ဖီပူပူကို စာပေါ်ပွဲတင်ပေးလိုက်တာမို့ သခင်က တစ်ချက်မျှ ယူသောက်ကာ အေးဆေးစွာ ပြောလာသည်။

" ခွင့်လွှတ်ပါသခင် "

" ကိုယ်ကူညီနိုင်တာရှိရင်ပြောပါ "

ထိုအခါမှ အိမ်တော်ထိန်းကြီး၏ မျက်နှာမှာ ရွှင်ပျလာရတော့သည်။
သခင်ဟာ သူ့အတွက်တော့ သားငယ်လေးလိုရော ကျေးဇူးရှင်တစ်ယောက်လိုပါ ပြုစုစောင့်ရှောက်ရမည့်သူဖြစ်သည်။

သူ၏စေတနာတွေကြောင့်လည်း သခင်ဟာ သူ့အတွက် အမြဲတမ်းလိုလို အခွင့်အရေးတို့ ပေးထားတတ်သည်။

" ကျွန်တော့်တူလေးကို အိမ်တော်ရဲ့စားဖိုဆောင်မှာ အလုပ်ဝင်ခွင့်ပြုနိုင်မလား သခင် "

သူ့အသံဟာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ခိုက်နေလိမ့်မည်။သို့သော် ထိုကလေးငယ်အား သူမှမကယ်လျှင် ထိုကလေးငယ်၏ ဘဝဟာ တွေး၍မရနိုင်အောင်ပင် အခက်အခဲတွေနှင့် ကြုံရပေလိမ့်ဉီးမည်။

Mysterious AlphaWhere stories live. Discover now