15

3.6K 331 23
                                    

#Unicode

ရှယ်ယာရှင်အစည်းလို့သာပြောရသည် လူအနည်းငယ်သာရှိသော အဖြစ်အစည်းအဝေးတစ်ခုသာ...

သူမ မာနအားချိုးလိုက်တာကို သိနေတာတောင် ဘာမှမပြောနိုင်ပဲ အတတ်နိုင်းဆုံးပြုံးထားလိုက်ရသည်။

ဂျောင်ဂုက သူ့အတွင်းရေးမှူးကို အကြည့်တစ်ချက်ဖြင့် စာရွက်စာတန်းတစ်ချို့အား အနည်းငယ်သော ရှယ်ယာရှင်များထံ မျှဝေစေသည်။

ထို့နောက်ထိုလူကဂျောင်ဂုအနား သွားပြန်ရပ်ကာ စကားစသည်။

" လုပ်ငန်းစတင်လည်ပတ်ဖို့အတွက်က ပြန်လည်ထူထောင်စဥ်ကာလမို့ အကုန်လုံးအာရုံစိုက်မှရပါလိမ့်မယ်
အချက်လက်တွေအတိုင်း Kim Groupရဲ့သားဖြစ်သူ ကင်မ်ထယ်ယောင်းက ဥက္ကဌဖြစ်ပြီး ဒုဥက္ကဌနေရာကိုတော့ Mr.Kimရဲ့အမျိုးသမီးပဲဖြစ်ပါတယ် ကန့်ကွက်စရာရှိရင် ဒီမှာပဲပြောနိုင်ပါတယ် "

အခန်းထဲတွင်ရှိသူအားလုံးမှာ သူမကလွဲလို့ အကုန်ဂျွန်ဂျောင်ဂု၏ ဘက်တော်သားများသာဖြစ်သည်။

" ကန့်ကွက်မယ့်သူမရှိရင် အစည်းအဝေးကဒီလောက်ပါပဲ "

တစ်လျှောက်လုံး စကားတစ်ခွန်းမျှဝင်မပြောပဲ ထထွက်သွားတော့မည့် ဂျွန်ဂျောင်ဂုကို သူမအလျှင်စလိုခေါ်လိုက်သည်။

" သမက်ဂျွန်! "

" ..... "

လှည့်ကြည့်လာသော မျက်ဝန်းတွေက စူးရဲစွာ....

" ကျေးဇူးတင်ပါတယ်ကွယ် "

" မလိုအပ်တာမို့ နေပါစေ အလုပ်ကိုအာရုံစိုက်ပေးပါ လုပ်ငန်းခွင်မှာ မိသားစုမရှိပါဘူး "

" ဒါပေါ့ ဒီလိုပဲဖြစ်ရမှာပေါ့ အမေကအကောင်းဆုံးဖြစ်စေရပါ့မယ် "

မချေမငံလေသံကြောင့် သူမ၏ ဒေါသတို့အား ချုပ်ထိန်းကာ ချိုသာမှုကိုသာပြရသည်။
ကုမ္ပဏီသာသူမအပိုင်ဖြစ်လာလျှင် ဒီလိုလူမျိုးနှင့်လည်း ပတ်သတ်စရာမလိုတော့ဘူးမို့လား.......

အကုန်ထွက်သွားပြီးတဲ့နောက် အစည်းဝေးခန်းထဲ သူမတစ်ယောက်သာ ကျန်ခဲ့သည်။ရုတ်တရက်သားဖြစ်သူအား သတိရ၍ ဖုန်းဆက်ရပြန်သည်။

You've reached the end of published parts.

⏰ Last updated: Mar 01, 2023 ⏰

Add this story to your Library to get notified about new parts!

Mysterious AlphaWhere stories live. Discover now