#unicode
ထယ်ယောင်း ယခု စားဖိုဆောင်ထဲသို့ရောက်နေတာဖြစ်သည်။
" ထယ်ယောင်းလေး ပြောပြပါလို့ဆို "
အနောက်ကနေ တကောက်ကောက်လိုက်ကာ ထယ်ယောင်းအား အဖြစ်ပျက် အလုံးစုံကိုမေးနေသည့် အကိုလီထယ်ပါလေ....
" အာ အကိုလီထယ် ဒီမှာ သခင့်အတွက် မနက်စာနောက်ကျမယ်လို့ "
" ဟွန့် "
ထယ်ယောင်း ငေါက်လိုက်ကာမှ ခပ်ဝေးဝေးရှိ ခုံပေါ်တွင်သွားထိုင်နေသူကြောင့် ခေါင်းယမ်းကာသာ ရယ်မိသည်။
ထယ်ယောင်းမှာလည်း အဖြစ်အပျက်အလုံးစုံကို မှတ်မိမနေပါလေ။
သခင့်ကိုလည်း မမေးရဲ။ဦးလေးသည်လည်း ကာယကံရှင်တောင် မသိပါပဲ သူဘယ်လိုသိနိုင်မလဲဟုဖြေလေသည်။" အကိုလီထယ် မနက်စာပြီးပြီရယ် သွားပို့ဖို့ပြောပေးဦး "
အကိုလီထယ်သည် အိမ်ရှေ့ဆောင်သို့ မနက်စာသွားပို့ရသည့် အမျိုးသမီးငယ်များကို အသိပေးလေသည်။
" ဒီနေ့ကျွန်မတို့ပို့ရမှာမဟုတ်ပါဘူး ဒီက သခင်ငယ်လေး ကိုယ်တိုင်လာပို့ဖို့ သခင်ကပြောထားပါတယ် "
" ဟင် "
ထယ်ယောင်းမှာ စွံ့အသွားရသည်။သခင်က သူ့အား အိမ်ရှေ့ဆောင်ထိ လာစေချင်သည်တဲ့လား။အဲ့ဒီအပြင် ဒီကအမျိုးသမီးတို့ကပါ သူ့အား သခင်ငယ်လေးဟု တလေးတစားခေါ်နေကြပြန်သည်။
အကိုလီထယ်အား အကူညီတောင်းသလိုလေးကြည့်မိတော့ ခေါင်းငုံ့သွားလေတာ ပြန်ပင်မော့မလာတော့ပေ။
ထယ်ယောင်းမှာတော့ ရင်တွေခုန်လှပြီ။သခင့်အား ကိုယ်တိုင် မနက်စာ ကျွေးခွင့်ရလေပြီ။
ပြင်ဆင်ထားသော ကော်ဖီနှင့်မုန့်အချို့ကို သယ်ဆောင်ကာ ထမင်းစားခန်းရှိရာ အိမ်ရှေ့ဆောင်သို့ ထွက်လာလိုက်သည်။
သခင့်အမိန့်ကြောင့် တစ်ဦးတစ်ယောက်မှ လိုက်မလာရဲတာမို့ ထယ်ယောင်းတစ်ယောက်တည်းသာ....
ထမင်းစားဆောင်နှင့် နီးလာလေ ထယ်ယောင်း၏ လက်ကလေးတွေ အေးသက်တုန်ရီလာလေဖြစ်နေသည်။