4

3.1K 447 23
                                    

#unicode

မနက်ခင်းနိုးလာသည်နှင့် အိမ်တော်ထိန်းကြီး၏ တံခါးခေါက်သံကြောင့် ပိုးသားညအိပ်ဝတ်ရုံကို အကျအနချည်နှောင်ကာ တံခါးဖွင့်ပေးလိုက်သည်။

ရေချိုးကန်အတွင်း မိန်းကလေးများ ပြင်ဆင်ထားပေးခဲ့သော ရေနွေးနွေးကို ဝင်စိမ်လိုက်ကာမှ မနက်ခင်းက လန်းဆန်းလာရသည်။

ကျောဘက်ရှိ ရေချိုးကန်၏ ဘောင်ကိုခေါင်းတင်မှီကာ မျက်လုံးတို့ကို မှိတ်ထားလိုက်သည်။

သူ့ဘဝတွင် အထီးကျန်မှုတွေဖြင့်သာ အသားကျနေခဲ့ရသည်။
ဒါတွေ ဘယ်အချိန်ကစသလဲဟုမေးလာလျှင် သူ့အသက် ၁၇နှစ်ခန့်က စတင်ခဲ့သည်။

စံအိမ်တော်၏ သခင်ကြီး တစ်နည်းအားဖြင့် သူ၏ဖခင်ဆုံးပါးသွားပြီးသည့်နောက်တွင် စခဲ့သည်။

မိခင်ဖြစ်သူမှာ သူ့အားမွေးဖွားပြီးလျှင်ပြီးချင်းပဲ သေဆုံးခဲ့ရသည်မို့ ဂျောင်ဂုမှာ မိခင်ကို မမြင်ဖူးခဲ့ပေ။

အရွယ်ရောက်လာချိန် ဖခင်ဖြစ်သူကပါ ခွဲခွာထွက်သွားခဲ့လေတော့ ၁၇နှစ်အရွယ်နှင့်ပင် အရာအားလုံးကို တာဝန်ယူဆောင်ရွက်ရတော့သည်။

ဆိုးဝါးလှတဲ့သူ့ကံကြမ္မာဟာ ၁၈နှစ်ပြည့်သည့် ညတွင်ပဲ စတင်လာခဲ့သည်။

ကျိန်စာလေပဲလား။သူသည် လပြည့်ညတွေရောက်တိုင်း vampireတစ်ကောင်အသွင် ကူးပြောင်းကာ မိတ်ဖတ်၏ သွေးကို ရှာဖွေသောက်သုံးရသည်။

ထိုအကြောင်းအရာများအား ရှင်းလင်းစွာ သိခွင့်ရခဲ့သည်က နတ်ဆရာမကြီး တစ်ဦး၏ အပြောကြောင့်ဖြစ်သည်။

ပထမဆုံးအကြိမ် အသွင်ကူးပြောင်းသွားချိန်၌ ဂျောင်ဂုတွင် ပုံမှန်အသိစိတ်တွေ မရှိကြတော့ပေ။

စံအိမ်ကြီး၏ အပြင်ဘက်သို့ ထွက်ပြေးလိုစိတ်တို့သာ ကြီးစိုးလာခဲ့ရသည်။

သူပြေးထွက်လာစဥ် ခြံဝန်းထဲအရောက် မျက်စိရှေ့တွင် တွေ့ခဲ့ရသော လူတစ်ယောက်ကို သတ်ဖြတ်မိခဲ့သည်။

ထိုလူမှာ စံအိမ်တော်၏ စားဖိုဆောင်မှ အလုပ်သမားတစ်ဦးဖြစ်နေမှန်း မနက်လင်းကာမှသိခဲ့ရတာဖြစ်သည်။

Mysterious AlphaWhere stories live. Discover now