*Unicode*
စာတွေပြန်စစ်ပြီး ပြန်အပ်ပဒိတ်ပေးနေတာနော်😁Vote & Cmတွေလာထား🤭
**********
"ခင်ဗျားကိုမသွားပါနဲ့လို့ ပြောနေတယ်လေ"
"ရိပေါ်ရယ်ဟိုဘက်ကလူနာလေကွာ"
"ခင်ဗျားအတွက်လူနာနဲ့ ကျွန်တော်ဘယ်သူကပိုအရေးကြီးလဲ"
ရှောင်းကျန့်ပြတ်ပြတ်သားသားဘဲဖြေလိုက်တယ်။
"လူနာပိုအရေးကြီးတယ်"
"ကောင်းပြီလေ သွားပါ။ ကျွန်တော်ထပ် မတားတော့ဘူး"
ရှောင်းကျန့်လဲထွက်သွားတော့သည်။
အဲ့ဒီလိုနဲ့ပဲ သူနဲ့ကျွန်တော်လက်ထပ်တော့ မှာဗျ။ သူ့နာမည်ကရှောင်းကျန့်။ ဆရာဝန်တစ်ယောက်ပေါ့။ကျွန်တော့်နာမည်က ဝမ်ရိပေါ်။အခုမှ တက္ကသိုလ်နောက်ဆုံးနှစ်တက်နေတာပေါ့။အခုလောလောဆယ်တော့ကျောင်းက ခဏပိတ်ထားတယ်။ဘာလို့မှန်းတော့မသိဘူး။
ဒီလိုကျောင်းပိတ်တုန်း သူ့ကို ကျွန်တော့်အတွက် အချိန်ပေးစေချင်တယ်။ ဒါပေမယ့်လဲ ဒါပထမဆုံးမှမဟုတ်တာ။ သူနဲ့စတွဲတည်းက အခုထိ သူ့အတွက်လူနာကပိုအရေးကြီးတယ်တဲ့လေ။
လွန်ခဲ့သော၃နှစ်
ရိပေါ်ကတော့တက္ကသိုလ်ပထမနှစ်မှာပေါ့။ ရှောင်းကျန့်ကတော့ဆရာဝန်ပါပဲ။ ရိပေါ်ဟာကျောင်းမှာဆရာမတစ်ယောက် ပိုက်ဆံအိတ်အခိုးခံလိုက်ရလို့ ကယ်လိုက်ရင်းဒါဏ်ရာရသွားလို့ ကျောင်းကဆရာ/ဆရာမတွေက ဆေးရုံတန်းလိုက်ပို့တာပေါ့။ ဖြစ်ချင်တော့ ရှောင်းကျန့်ဂျူတီဝင်ချိန်ဖြစ်နေတော့တယ်။"ဆရာလေး...ဆရာလေး...."
ဆရာမတစ်ယောက်က ရှောင်းကျန့်ကိုတွေ့လို့လှမ်းခေါ်လိုက်တာပေါ့။ ဒါနဲ့ပဲ ရှောင်းကျန့်လဲ နောက်လှည့်ကြည့်ပြီးဆရာမရဲ့ဝတ်ပုံစားပုံက ကျောင်းဆရာမမှန်းလူတိုင်းသိနိုင်တာမို့ ဆရာဝန်ဘွဲ့တွေများစွာရထားသောရှောင်းကျန့်ကမသိဘူးဆိုတာဖြစ်နိုင်မလား။
ရှောင်းကျန့်ဟာလဲ ကျောင်းဆရာမမှန်းသိတာကြောင့် ရိုရိုသေသေဆက်ဆံလိုက်တယ်။
![](https://img.wattpad.com/cover/324108203-288-k734564.jpg)