Part 4

3.1K 124 4
                                    

*Unicode*

ရိပေါ်လဲရုံးခန်းကထွက်ကာ သူ့ရဲ့သားဆီပြန်လာခဲ့တယ်။

"ဟိုက်ရန်"

"ဗျာ ဒယ်ဒီ...."

"ဘယ်လိုနေလဲသားသက်သာရဲ့လား"

"ဟုတ်သက်သာပါတယ်"

ဟိုက်ရန်က အသက်က ၄နှစ်သာရှိတယ်စကားကတော့တတ်လှတယ်။ သူ့ရဲ့ဒယ်ဒီကိုလဲ တော်တော် ချစ်ရှာတယ်။

ဟိုက်ရန်နဲ့ရိပေါ်စကားပြောနေတုန်း

"သားဖတွေ ဘာတွေပြောနေကြတာတုန်း"

"ဒယ်ဒီကသက်သာလားတဲ့"

"ဟောဗျာ ဒီသားဖတော်တော်ချစ်နေကြ"

"အကိုကျွန်တော်Companyသွားမို့သားကိုအကိုဘဲကြည့်ထားပေးပါ"

"ဟုတ်ပါပြီ ငါ့ညီရာ"

ရိပေါ်ထွက်သွားတော့တာပေါ့။

ဟိုက်ခွမ်း(pov)
ရိပေါ် ငါ့ညီ အကိုတောင်းပန်ပါတယ်။ မင်းအတိတ်ကို မမှတ်မိတာကို အသုံးချပြီလိမ်မိလို့။ အပြင်မှာတော့မတောင်းပန်ရဲဘူး။ မင်းဒေါသကို အကိုသိတယ်။ ပြီးတေ့ာသားလေးဟိုက်ရန် သားလေးကိုမင်းမုန်းသွားမှာကြောက်တယ်။ ပြီးတော့ရှောင်ကျန့် မင်းကိုလဲတောင်းပန်ပါတယ်။ မင်းတို့နှစ်ယောက်အချစ်ကိုခွဲခဲ့မိလို့။ အခုလဲမင်းတို့ကို ဆက်ခွဲရလိမ့်မယ် မင်းတို့နှစ်ယောက်နီးကပ်နေရိပေါ်အတိတ်ကို ပြန်သတိရသွားပြီး ဟိုက်ရန်လေးကိုမုန်းသွားလိမ့်မယ်။

ဟိုက်ခွမ်း‌အတွေးထဲကသာ တောင်းပန်ခဲ့ပါတယ်။အပြင်မှာတော့ထုတ်မပြောခဲ့။

တကယ်တော့ အကိုဟိုက်ခွမ်းရဲ့သားဟိုက်ရန်ဘဲဖြစ်တယ်။ တကယ်တော့ရိပေါ်နဲ့ဟိုက်ခွမ်းဟာညီအကိုအရင်းတွေ မဟုတ်ပါဘူး။ ရိပေါ်အမေဟာရိပေါ်ကိုမွေး‌ပြီးချင်းမီးတွင်းထဲမှာတင်ဆုံးပါးသွားခဲ့တယ်။ အဲ့တော့ရိပေါ်အဖေကသာ ရိပေါ်ကိုစောင့်ရှောက်ရ‌တာပေါ့။ ဘာမှမသိတဲ့အဖေဖြစ်သူက ငယ်ငယ်လေးဖြစ်တဲ့ရိပေါ်ကိုထိန်းရာ၌ သူတို့အိမ်ရဲ့အိမ်တော်ထိန်းကပါဝင်ထိန်းပေးသည်။ ထိုအိမ်တော်ထိန်းကတော့ဟိုက်ခွမ်းရဲ့အမေပေါ့။

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now