Part 17

2.1K 88 4
                                    

*Unicode*

‌"ကော..."

ရိပေါ်ကြမ်းပြင်ပေါ်မှာလဲနေတဲ့ ရှောင်းကျန့်ကိုမပြီး သူ့ပေါင်ပေါ်တင်လိုက်တယ်။ မျက်ရည်များလဲတောက်လျှောက်ကျနေတာပေါ့။

ဟောက်ရွှမ်းကတော့ အခုကြောင်အနေမိတုန်းဖြစ်ပျက်သမျှကိုလဲ မယုံနိုင်ဖြစ်နေခဲ့တယ်။

"ရှောင်ကျန့်...ဘာ..ဘာဖြစ်တာလဲ....ဟောက်ရွှမ်း.."

ကျိုးချန်က ဟောက်ရွှမ်းကော်လံစကို ကြမ်းကြမ်းတမ်းတမ်းဆွဲလိုက်ပြီး

"မင်းမလား...မင်းမလား...ရှောင်ကျန့်ကိုမင်းသက်တာမလား။ မင်းဓါးနဲ့သူ့ကိုထိုးလိုက်တာမလားလို့"

"မဟုတ်ဘူး...ငါသူ့ကိုဘာမှမလုပ်ခဲ့ဘူး။ ငါတကယ်ပြောတာ။ ငါဘာမှမလုပ်ဘူး။ ရှောင်းကျန့်သူ့ကိုယ်သူဓါးနဲ့ထိုးလိုက်တာ...."

"မင်းစကားကိုခွေးတောင်ယုံမှာမဟုတ်ဘူး.."

"သဲငယ်..တော်တော့...လောလောဆယ်ရှောင်းကျန့်ကိုဆေးရုံပို့ရမယ်။ ဝမ်လေး....ဝမ်လေး....."

ရိပေါ်က တိတ်ဆိတ်နေပြီး ငိုကြွေးနေတယ်။ ရှောင်းကျန့်ကိုလဲတင်းနေအောင်ဖက်ထားတာပေါ့။

ဟိုက်ခွမ်း မျက်စံပြူးစေတယ်။ ရိပေါ်ပုံစံကချောက်ခြားစရာအရူးတစ်ယောက်ပုံစံနဲ့ပေါ့။ဟိုက်ခွမ်းရိပေါ်နားကိုအမြန်သွားကာ

"ဝမ်လေး...ဝမ်လေး...ရိပေါ်..ဝမ်ရိပေါ်... သတိကပ်စမ်း။ ရှောင်းကျန့်ကိုလွတ်။ သူ့ကိုဆေးရုံပို့ရမယ်။ မဟုတ်ရင် သူသေသွားမယ်။ ယားး ဝမ်ရိပေါ်သတိကပ်စမ်း"

အခုလက်ရှိအားလုံးရဲ့အကြည့် ဝမ်ရိပေါ်ဆီမှာပေါ့။ ကျိုးချန်ကရိပေါ်နားလာကာ

"ရိပေါ်...ရှောင်းကျန့်ကိုလွှတ်လိုက် မဟုတ်ရင်သူသေသွားမယ်"

"မဟုတ်ဘူးး သူအိပ်နေတာ။ မင်းတို့တိတ်တိတ်စမ်းပါ။ ငါ့ကောနိုးရင် မင်းတို့အသေဘဲ။ ကောကအိပ်နေတာ....မင်းတို့ကြည့်။ ကောအိပ်နေတာဘယ်လောက်ချစ်ဖို့ကောင်းလဲ....."

အခု ရိပေါ်ရဲ့ပုံစံမျက်ရည်တွေကျပြီးပြုံးပျော်နေတာ။ အရူးတစ်ယောက်ပမာပေါ့။ ကျိုးချန်ရော ဟိုက်ခွမ်းရော မျက်ရည်များကျကာ

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now