Part 21

1.5K 61 0
                                    

*Unicode*

ရိပေါ်လဲ ဆက်မမေးချင်တော့တာကြောင့်ရုံးခန်းထဲက ထွက်လာကာကားပါကင်ကိုသွားတာပေါ့။ သားဖြစ်သူနဲ့အကိုဖြစ်သူကိုကားပါးကင်မှာ စောင့်ရန်ပြောထားသော်လဲရောက်တော့ အကိုရောသားပါမရောက်သေးလို့ ထို၂ယောက်စောင့်နေစဉ် ခဏအကြာမှာဘဲ သားဖြစ်သူနဲ့အကိုဖြစ်သူအပြင်ဟိုက်ရန်လေးပါပါလာခဲ့တော့သည်။

"ကိုကို....ဟိုက်ရန်လေးက...."

"အွန်း...ဝမ်လေး သားကိုပါ တစ်ခါတည်းခေါ်လာလိုက်တာ။ ဝေ့ရှောင်းလေးကိုဘဲခေါ်လာရင်တစ်ယောက်တည်းပျင်းနေလိမ့်မယ်"

"အော်...."

"ဦးဦး....ညီညီ့ဒါဏ်ရာကစိုးရိမ်ရလား"

"စိုးရိမ်စရာတော့ မလိုလောက်ဘူးထင်တာဘဲရန်လေးရာ...."

"ကဲ...ပြန်မယ်...ဆေးရုံမှာလဲရှောင်းကျန့်ကိုသဲငယ်နဲ့ထားခဲ့တာမလား"

"ဟုတ်တယ်..."

"ကဲ...အဲ့တာကြောင့်..မြန်မြန်ပြန်ကြမယ်။ လာလာကလေးတွေ ကားပေါ်တက်။ ဝေ့ရှောင်းလေးကတော့ ဆေးရုံရောက်မှဘဲဆေးထည့်ပေးတော့မယ်"

"ဟုတ်...."

ကလေး၂ယောက်လုံးကို အိမ်ကိုမပို့တော့ဘဲဆေးရုံကိုသာ တန်းခေါ်လာခဲ့ကြတော့တာပေါ့။

"လာကြပြီလား သားဝေ့ရှောင်းရောဘယ်လိုလဲ"

"သားဘာမှဖြစ်ပါဘူး။ ဒါနဲ့ပါးပါးကဘာလို့အိပ်နေတာလဲ"

"သားပါးပါးက ခဏပင်ပန်းလို့အိပ်နေတာမကြာခင်နိုးလာမှာပေါ့"

"ဟုတ်"

"ပါးပါးကျိုး"

"ပြောလေရန်လေးး"

(ဟိုက်ခွမ်းနဲ့ကျန်းချန်ကချစ်သူရည်းစားမို့ပါလက်မထက်ရသေးပေမဲ့ဟိုက်ရန်လေးကကျိုးချန်ကိုချစ်လွန်းလို့ပါးပါးကျိုးလို့ခေါ်တာပါ)

ဟိုက်ရန်: ညီညီ့ကိုဆေးထည့်ပေးရအုံးမယ်တဲ့။ ပါးပါးကျိုးဆေးသွားယူပေးပါလား။ သားညီညီ့ကိုဆေးထည့်ပေးချင်လို့။

ကျန်းချန်: ကောင်းပါပြီဗျာ။ ပါးပါးကျိုးဆေးသွားယူလိုက်အုံးမယ်။

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now