Part 7

2.2K 102 5
                                    

*Unicode*

တကယ်တော့ ဟောက်ရွှမ်းက ရိပေါ်ကိုမြင်မြင်ခြင်းကြွေသွားတာပါ။ ရိပေါ်နဲ့ဟိုက်ရန်ကဘာမှမတော်တာကိုလဲသိတယ်။ ဟိုက်ရန်နဲ့ဟိုက်ခွမ်းက သားအဖတွေမှန်းလဲသိတယ်။

အဲ့တာကြောင့်ဟောက်ရွှမ်းက အဲ့အချက်ကိုအသုံးချကာ ရိပေါ်ကို အပိုင်သိမ်းချင်နေတာပါဘဲ။

"ရိပေါ်ကသက်မဲ့အရုပ်မဟုတ်ဘူးဟောက်ရွှမ်း..."

"အဲ့တော့ကော...ခင်များသာမကူညီရင်တော့...ဟိုက်ရန်လေးကိစ္စရိပေါ်ကိုပြောပြလိုက်မှာ....."

"ငါ့ကိုဘာပြောမို့တုန်းဟောက်ရွှမ်း...."

ရုတ်တရက်ရောက်လာတဲ့ရိပေါ်ကြောင့်လိပ်ပြာပါလွင့်မိတယ်။

"မဟုတ်ပါဘူးဝမ်လေးရာ...ဟောက်ရွှမ်းကဟိုက်ရန်လေးအတွက်ဒီညအိမ်မှာမုန့်လုပ်စားကြမလားလို့မေးနေတာ။အဲ့တာကိုဝမ်လေးကို ပြောရင်ကောင်းမလားစဉ်းစားနေကြတာ...."

ဟိုက်ခွမ်းဟာ အဖြစ်မှန်ပေါ်မှာ စိုးတာကြောင့် ရှေ့ကကာပြောလိုက်တယ်။

"အော်....မဆိုးပါဘူး...သားလဲစိတ်ပေါ့ပါးသွားတာပေါ့"

"ဒါပေါ့...."

"ဒါဆိုလဲလုပ်ကြတာပေါ့...."

"အွန်း....."

ထိုနေ့ညမှာတော့ ဟိုက်ရန်လေးအတွက်ရည်ရွယ်ကာ သူတို့မုန့်လုပ်စားကြတယ်။

"ရန်လေး...နောက်ခါကြဒီလိုဆေးရုံတက်လောက်ရတဲ့အထိမဖြစ်ပါစေနဲ့......"

"ဟ...မင်းဆုတောင်းကလဲနောက်တစ်ခါဖြစ်မဲ့ပုံစံကြီးနဲ့....."

ကျိရန်ကတော့ ရိပေါ်သူငယ်ချင်းပေါ့ဆရာဝန်လို့လဲပြောလို့ရတယ်။

"မင်းကလဲငါစေတနာနဲ့ပါ"

တီ....တောင်....(ဘဲလ်သံ)

"ဘယ်သူလာတာလဲ...."

"ကျွန်တော်တံခါးသွားဖွင့်လိုက်မယ်...."

ရိပေါ်တံခါးသွားဖွင့်လိုက်တော့သူ့မျက်လုံးသူပြန်ပွတ်မိတယ်။

"ဆေးအုပ်ရှောင်း..."

"ကျွန်တော့်ကိုမြင်တာ သရဲမြင်တာမို့လို့လား။ အဲ့လောက်လန့်ရအောင်"

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now