Part 10

2.3K 98 1
                                    

*Unicode*

"ခင်များအရမ်းရက်စက်တယ်..."

"ရိ....ရိပေါ်....."

"အဲ့ဒီတုန်းက ကျွန်တော်ဘယ်လောက်ခံစားရလဲသိလား။ ခင်များနဲ့ ဒိတ်တိုင်းလူနာပေါ်လာတာနဲ့ ကျွန်တော့်ကိုပစ်ထားခဲ့တယ်။ First Date တုန်းကကောဘဲပေါ့။ First Date ဆိုတာ ဘယ်လောက်အရေးပါလဲမသိဘူးလား..။ပြီးတော့ အဲ့ဒီထက် အရေးကြီးတာ 3 Years Anniversary, First Date ထက် အရေးတဲ့Anniversaryကို ခင်များလူနာပေါ်လာလို့ ခင်များ ကျွန်တော့်ကိုထားခဲ့တယ်။ ကျွန်တော်ဒုက္ခရောက်ချိန်အားကိုးတကြီး ခင်များကိုဖုန်းဆက်တယ်။ ကျွန်တော်က ခင်များကို နှောင့်ယှက်တယ်ဟုတ်လား"

ကုတင်ပေါ်လှဲနေရင်း‌ မျက်လုံးကလဲမျက်ရည်တွေကျကာ စကားတွေတောက်လျှောက်ပြောနေတဲ့ ရိပေါ်ဘယ်လောက်ခံစားခဲ့ရလဲ ဘေးကမြင်သူတိုင်းသိနိုင်တယ်။

"ရိ...ရိပေါ်....ကော...ကောက....."

"တော်...ခင်များစကားနားမထောင်ချင်တော့ဘူး။ ကျွန်တော့်ကို အရေးမထားတဲ့သူနဲ့စကားမပြောချင်ဘူး။ ကျွန်တော့်ဘက်ကဘဲ ခံစားနေရ၊ ဖြည့်စည်းပေးနေရတဲ့ Relationship ကိုမုန်းတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လဲမုန်းတယ်။ ခင်များကိုလဲမုန်းတယ်"

နောက်ဆုံး ပြောသွားတဲ့ "ခင်များကိုလဲမုန်းတယ်"ဆိုတဲ့စကားဟာ အခန်းအတွင်းပဲ့တင်သွားခဲ့တယ်။

ရှောင်းကျန့်ကလဲ မျက်ရည်တွေနဲ့ ရိပေါ်ကောဘဲလို့ ပြောလို့ရတယ်။ ရိပေါ်ကငိုနေပေမဲ့ သူစကားပြောရင် ရှိုက်သံမပါအောင်အတတ်နိုင်ဆုံးပြောခဲ့တယ်။

"ရိ....ဟင့်...ဟင့်....ကော...ဟင့်...ကောကလေ....ဟင့်....အဲ့...အဲ့လို...ဟင့်..သဘောနဲ့မဟုတ်ပါဘူး"

"တော်စမ်းပါ....ခင်များ‌စကားတွေကိုကျွန်တော်နားထောင်ပေးနိုင်စွမ်းက ဒီမှာတင်ရပ်တန့်သွားပြီ။ ကျွန်တော့်အသက်သေမလို ဖြစ်ခဲ့တာကော ခင်များသိလား။ ကျွန်တော် အခုခင်များနဲ့ ပတ်သတ်ရင်ဘာမဆိုစွန့်လွှတ်နိုင်ပြီ။ ခင်များသွားပါတော့။ကျွန်တော်ရှေ့ကသွားပါတော့။ တောင်းဆိုပါတယ်"

"ဟင့်....အွန်း..ဟင့်...အွန်းပါ....ကော...ကောထွက်သွားပေးပါ့မယ်။ဒါ... ဒါပေမဲ့... ကော...ကောကို ....ဟင့်...မမုန်းလိုက်ပါနဲ့"

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Tahanan ng mga kuwento. Tumuklas ngayon