Part 5

2.7K 115 5
                                    

*Unicode*

ရိပေါ်Companyကိုရောက်တော့ ဟောက်ရွှမ်းက....

"ကလေးဘယ်လိုနေလဲ"

"သက်သာပါတယ်"

"တော်သေးတာပေါ့...ဒါနဲ့မင်းမျက်နှာကဘာလို့မအီမသာဖြစ်နေတာလဲ"

"ဆေးရုံကဆေးရုံအုပ်ဆိုလားပဲ။ သူ့ကြောင့်"

"သူကမင်းကိုဘာလုပ်လို့လဲ.."

"ဘာမှတော့မလုပ်ပါဘူး။ သူ့ကြည့်ရတာထူးဆန်းလို့...."

"ဘာထူးဆန်းလို့လဲ...."

"သူကငါ့အကြောင်းတွေသိနေတယ်။ ငါ့နာမည် အကို့နာမည်အကုန်သိနေလို့"

"ဒါများထူးထူး‌ဆန်းဆန်းလုပ်နေတယ်"

ရှောင်ကျန့်ကတော့ ဟိုက်ရန်လေးအခန်းထဲသွားတာပေါ့။

"ဝင်ခွင့်ပြုပါ"

"ရှောင် ရှောင်ကျန့်...."

"ဟိုက်ရန်လေးအိပ်နေတာ‌ထင်တယ်"

"ဟုတ်တယ် သူ့အဖေထွက်သွားတည်းကအိပ်ပျော်နေတာ"

"ထိုင်‌ပါအုံးစကားပြောရအောင်"

ဟိုက်ခွမ်းလဲထိုင်ခုံမှာ ထိုင်လိုက်တာပေါ့။

"ရိပေါ်ကဘယ်လိုလို့ အသက်ရှင်နေတာလဲ။ကျွန်တော့်ကိုပြောတော့သေပြီဆို"

"အဲ့ အဲ့ အဲ့တာက သဂြိုလ်ဖို့ဆေးစစ်တဲ့အချိန်နှလုံးပြန်ခုန်လာတယ်လို့ ဆရာ ဆရာဝန်ကပြောလို့ ဆေးရုံတင်ရာကအခုထိအသက်ရှိနေသေးတာဘဲ"

"ဟိုက်ရန်ကရိပေါ်ရဲ့သားနော်"

"ဟုတ်တယ်"

"ရိပေါ်ဘယ်တုန်းကလက်ထပ်လိုက်တာလဲ"

"ဒါကကိုယ်ရေးကိုယ်တာအချက်ထင်တယ်နော်ဒေါက်တာရှောင်း....အိုးးးးဘယ်ဟုတ်တော့မလဲ ဆေးအုပ်ရှောင်းလို့ပြောင်းခေါ်သင့်တာ"

"ဒါဆိုထားပါ ရိပေါ်မိန်းမကောဘယ်မှာလဲ။ သူ့ကလေးသူလာမစောင့်ဘူးလား"

"အဲ့ကလေးကိုမွေးတာ မိန်းကလေးမဟုတ်ဘူး။ ယောက်ျားလေး"

"ရိပေါ်ကယောက်ျားယူခဲ့တာပေါ့"

ရှောင်ကျန့်နည်းနည်းဝမ်းနည်းမိတာအမှန်ပဲ။

"ဟုတ်တယ်"

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Donde viven las historias. Descúbrelo ahora