Part 20

1.9K 84 2
                                    

*Unicode*

CEOဝမ်ဆိုသည့်သူကို ကျောင်းမှာမသိတဲ့သူမရှိသလိုမကြောက်တဲ့သူလဲမရှိ။ အကုန်လုံးနီးပါးကနာမည်ကြားရုံနဲ့တင်ကြက်သီးထတယ်။

"အခုလိုသား‌ပြုတ်ကျရတဲ့အကြောင်းအရင်းက..."

"ဟို...ဟို...ခြေချော်ပြုတ်ကျတာပါ"

"သေချာလား"

"ဟုတ်...ဟုတ်...သေ..သေချာပါတယ်"

"ထပ်မေးမယ်...သေ...ချာ...လား..."

တစ်လုံးချင်းဆီကို မာန်ဖိပြီးပြောခဲ့တာပေါ့။

"သေချာပါတယ်"

"ဒါဆို..ကျောင်းအုပ်..ခင်များဘေးကလူတွေကဘယ်သူလဲဆရာမတွေတော့မဟုတ်မှန်းကျွန်တော်သိတယ်"

"သူ...သူက.."

"ကျွန်‌မနာမည်ကယုဟိန်းယွီဒီကသားသားရဲ့အဒေါ်"

"မင်းကိုမေးမိလား..."

"ရှင်ဘယ်လိုလူလဲ။ ရှင့်သားဆိုလား..သူ့ကြောင့်ကျွန်မတူပါလှေကားကနေပြုတ်ကျတာလေ"

"အဲ့တော့..."

"ရှင်....!"

"ငါပြောမယ်။ ငါ့သားကြောင့်ပြုတ်ကျတယ်ဆိုတော့ထားပါ။ ဘယ်မှာလဲမင်းတူရဲ့ဒါဏ်ရာ။ ပြုတ်ကျတာတောင်ဒါဏ်ရာမရတာကမဖြစ်နိုင်ဘူး"

"ဒါ..ဒါက..."

"ငါဆက်ပြောမယ်။ ငါ့သားကြောင့်ပြုတ်ကျတယ်ဆို မင်းတူကပြုတ်ကျတဲ့နေရာမှာ ငါ့သားရဲ့အောက်ဘက်ကိုရောက်နေမှာ။ အဲ့တာဆို မင်းတူကငါ့သားထက်ဒါဏ်ရာပိုများသင့်တယ်မလား။ ဒါပေမဲ့အခုကမင်းတူဘာဒါဏ်ရာမှမရဘဲ ငါ့သားကပဲ ဒါဏ်ရာရသွားတာဆိုတော့.....အွန်းးးးးစဉ်းစားစရာဘဲ"

"ရှင်ဘာစကားပြောတာလဲ...မိန်းမတစ်ယောက်နဲ့ယှဉ်ပြီးရန်ဖြစ်နေတယ်"

"ငါ့မိသားစုကိုမထိသ၍ငါဘာမှမလုပ်ဘူး"

"ရှင့်မိသားစုကိုကောထိနေလို့လား။ တကယ်ဘဲ ရှင့်မိန်းမတော့သေချာတယ် ရှင့်ကိုရလို့နောင်တရနေမှာ"

"မင်းဘာပြောတယ်..."

ရိပေါ်ဒေါသတကြီး ဟိန်းယွီရဲ့လည်ပင်းကို‌သူ့ရဲ့အားသန်လှတဲ့လက်နဲ့ ညှစ်လိုက်တော့သည်။

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now