Part 1

11.2K 239 11
                                    

*Unicode*

စာတွေပြန်စစ်ပြီး ပြန်အပ်ပဒိတ်ပေးနေတာနော်😁Vote & Cmတွေလာထား🤭

**********

"ခင်ဗျားကိုမသွားပါနဲ့လို့ ပြောနေတယ်လေ"

"ရိပေါ်ရယ်ဟိုဘက်ကလူနာလေကွာ"

"ခင်ဗျားအတွက်လူနာနဲ့ ကျွန်တော်ဘယ်သူကပိုအရေးကြီးလဲ"

ရှောင်းကျန့်ပြတ်ပြတ်သားသားဘဲဖြေလိုက်တယ်။

"လူနာပိုအရေးကြီးတယ်"

"ကောင်းပြီလေ သွားပါ။ ကျွန်တော်ထပ် မတားတော့ဘူး"

ရှောင်းကျန့်လဲထွက်သွားတော့သည်။
အဲ့ဒီလိုနဲ့ပဲ သူနဲ့ကျွန်တော်လက်ထပ်တော့ မှာဗျ။ သူ့နာမည်ကရှောင်းကျန့်။ ဆရာဝန်တစ်ယောက်ပေါ့။

ကျွန်တော့်နာမည်က ဝမ်ရိပေါ်။အခုမှ‌ တက္ကသိုလ်နောက်ဆုံး‌နှစ်တက်နေတာပေါ့။အခုလောလောဆယ်တော့ကျောင်းက ခဏပိတ်ထားတယ်။ဘာလို့မှန်းတော့မသိဘူး။

ဒီလိုကျောင်းပိတ်တုန်း သူ့ကို ကျွန်တော့်အတွက် အချိန်ပေးစေချင်တယ်။ ဒါပေမယ့်လဲ ဒါပထမဆုံးမှမဟုတ်တာ။ သူနဲ့စတွဲတည်းက အခုထိ သူ့အတွက်လူနာကပိုအရေးကြီးတယ်တဲ့လေ။

လွန်ခဲ့သော၃နှစ်
ရိပေါ်ကတော့တက္ကသိုလ်ပထမနှစ်မှာပေါ့။ ရှောင်းကျန့်ကတော့ဆရာဝန်ပါပဲ။ ရိပေါ်ဟာကျောင်းမှာဆရာမတစ်ယောက် ပိုက်ဆံအိတ်အခိုးခံလိုက်ရလို့ ကယ်လိုက်ရင်းဒါဏ်ရာရသွားလို့ ကျောင်းကဆရာ/ဆရာမတွေက ဆေးရုံတန်းလိုက်ပို့တာပေါ့။ ဖြစ်ချင်တော့ ရှောင်းကျန့်ဂျူတီဝင်ချိန်ဖြစ်နေတော့တယ်။

"ဆရာလေး...ဆရာလေး...."

ဆရာမတစ်ယောက်က ရှောင်းကျန့်ကိုတွေ့လို့လှမ်းခေါ်လိုက်တာပေါ့။ ဒါ‌နဲ့ပဲ ရှောင်းကျန့်လဲ နောက်လှည့်ကြည့်ပြီးဆရာမရဲ့ဝတ်ပုံစားပုံက ကျောင်းဆရာမမှန်းလူတိုင်းသိနိုင်တာမို့ ဆရာဝန်ဘွဲ့တွေများစွာရထားသောရှောင်းကျန့်ကမသိဘူးဆိုတာဖြစ်နိုင်မလား။

ရှောင်းကျန့်ဟာလဲ ကျောင်းဆရာမမှန်းသိတာကြောင့် ရိုရိုသေသေဆက်ဆံလိုက်တယ်။

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now