*Unicode*
ရှောင်းကျန့်ဆေးရုံကို ရောက်တော့ဆေးရုံကောင်တာကိုသွား၍
"ညီမလေးခုနလောက်က ရိုက်နှက်ခံရလိုရောက်တဲ့လူနာကဘယ်အခန်းမှာလဲ"
"ဒေါက်တာရှောင်းပဲ...အော် အဲ့လူနာကဒီလမ်းတောက်လျှောက်ရဲ့နောက်ဆုံးအခန်းမှာပါ"
"ဟုတ်ကဲ"
ရှောင်းကျန့်လဲ ကောင်တာကထွက်လာကာခုနကညွှန်ပြလိုက်တဲ့အခန်းကိုလာတာပေါ့။အခန်းရှေ့ရောက်တော့ အခန်းတံခါးကိုဖွင့်လိုက်တယ်။ ဒါပေမဲ့ဖွင့်လိုက်တဲ့အချိန်သူ့ကမ္ဘာကြီးဟာ ပြောင်းပြန်ဖြစ်သွားသလိုပဲ။ အခန်းထဲမှာကတော့ ကုတင်ပေါ်မှာပိတ်စအဖြူအအုပ်ခံထားရတဲ့ကောင်လေးရယ်၊ကုတင်ဘေးမှာရပ်စောင့်နေတဲ့လူတစ်ယောက်ရယ်ပေါ့။
"ရိ...ရိ..ရိပေါ်..."
'ခွပ်...'
"ခင်ဗျားမှာလူစိတ်မရှိဘူးလား...""မင်း...မင်းကဘယ်သူလဲ"
"ငါကဝမ်ရိပေါ်ရဲ့အကိုဝမ်ဟိုက်ခွမ်း"
"ရိပေါ်အကို......ရိပေါ်မှာအကိုရှိတာကျွန်တော်လဲမသိရပါလား"
"ဘယ်သိမလဲ...မင်းကကောမေးဖူးလား။မေးဖို့နေနေသာ မင်းသူ့အကြောင်းတွေကိုဂရုတစိုက်ကြည့်နေဖူးလား...သူ့ကိုဂရုစိုက်ဖူးလား..."
"အဲ့တာ...အဲ့တာကျွန်တော့်လူနာတွေကိုစောင့်ကြည့်နေလို့လေ"
"အေး...မင်းအတွက် အဲ့ဒီလူနာတွေက ပိုအရေးကြီးတယ်ဆိုရင် ငါ့အတွက်လဲငါ့ညီကအရေးကြီးတယ်ကွ"
ဟိုက်ခွမ်းပါးစပ်က စကားလုံးတွေကသာမာတင်းပေမယ့် သူ့စိတ်ကတော့ ပျော့ညံ့လွန်းတယ်။မျက်လုံးမှာ မျက်ရည်တွေတစ်သွင်သွင်စီးကျလာခဲ့တယ်။
"ငါ့ညီက...ငါ့ညီကငါ့အတွက်အရေးကြီးတယ်ကွ...သူခဗျာ...မင်းကိုငါ့ထက်အားကိုးတယ်ကွ...သူနှလုံးဖေါက်တိုင်း မင်းကိုဖုန်းဆက်တယ်...တစ်ကြိမ်မကိုင်ဘူးနှစ်ကြိမ်။ မကိုင်ဘူးသုံးကြိမ်မြောက်တော့ ကိုင်ပါတယ်။ဒါပေမဲ့မင်းငါ့ညီစကားကိုနားမထောင်ဘဲမင်းဘဲပြောခဲ့တယ်....ဘာတဲ့..ငါ့မအားဘူးရိပေါ်မင်းပြောပြီးတာနဲ့ ဖုန်းတန်းချခဲ့တယ်...သူလဲကြံမရတာနဲ့ ငါ့ဆီဖုန်းဆက်ခဲ့တယ်..ငါလဲကြားကြားချင်းသူ့ဆီသွားပြီးဆရာဝန်ခေါ်ပြီး ပြခဲ့တယ်။ ဆေးသွင်းပေးခဲ့တယ်....အဲ့ဒါတွေဖြစ်တာခဲ့တောင် သူကမင်းဘက်က ကာပြောပေးတယ်။ ကျန့်ကောကဆရာဝန်လေ။ လူနာတွေကိုကုသပေးတာလေဗျ။ လူနာတွေကိုကုသပေးနေတော့ အားမှာမဟုတ်ဘူး။ အဲ့တာကြောင့်ကျွန်တော်အကို့ကိုဘဲဖုန်းဆက်လိုက်တာတဲ့...သူကအမြဲမင်းဘက်ကဘဲကာပြောပေးတယ်။ငါလဲသူကာပြောပေးရင်အထွန့်မတက်တော့ဘူး။ ငါ့ညီစိတ်ချမ်းသာရင်ပြီးတာဘဲမို့....ဒါပေမဲ့....ဒါပေမဲ့မင်းက...ဟာကွာ....တောက်စ်"
![](https://img.wattpad.com/cover/324108203-288-k734564.jpg)