*Unicode*
နောက်နေ့ရောက်တော့ ရိပေါ်ဟိုက်ရန်နဲ့ဟိုက်ခွမ်းကိုဆေးရုံက ဆင်းရန်လာကြိုတယ်။
ဆေးရုံအဝမှာတော့ ဟိုနေ့ကတွေ့တဲ့ဆေးအုပ်ရှောင်းဆိုတဲ့တစ်ယောက်။ သူပြုံးနေတယ်မဟုတ်ဘူး။ သူရယ်နေတာ တစ်ခြားgirl nurseတွေboy nurseတွေနဲ့ တစ်ခြားဒေါက်တာတွေနဲ့ပေါ့။
သူရယ်တာလှတယ်။ မဟုတ်ဘူးချစ်ဖို့ကောင်းတာ။ ယုန်လေးတစ်ကောင်အတိုင်းပဲ ပြီးတော့သူ့ကိုမြင်ရင် ရင်းနှီးသလိုဘဲပြီးတော့ မြင်ရင်ငိုချင်တယ်။ ရင်ထဲတစ်မျိုးဘဲငိုချင်လာတယ်။
ရိပေါ်(pov)
ငါဘာတွေတွေးနေတာလဲ.....မနေ့တနေ့ကမှတွေ့ဖူးတဲ့ ဒေါက်တာ အကြောင်းစဉ်းစားနေမိတယ်....ငါရူးနေပြီလား.....။ရိပေါ်ဘာမှဆက်မတွေးတော့ပဲ ဟိုက်ရန်တို့ရှိရာအခန်းဆီကိုလာခဲ့တယ်။
"ဟာဒယ်ဒီလာပြီ......"
ဟိုက်ရန်က ရိပေါ်ကို ပြေးဖက်လာတယ်။ ရိပေါ်လဲ ဟိုက်ရန်လေးကိုချီကာ...။
"သားတောင်ဆေးရုံဆင်းကတော့မယ်ဆိုတော့ပျော်နေတယ်ပေါ့"
"ဟုတ်.."
"သားပျော်ရင် ပါးကျေနပ်ပါတယ်ကွာ။ ငါ့သားကိုတောင် သားလို့ပေါ်တင်ခေါ်ခွင့်မရှိတဲ့ ငါကသားအတွက် ဘာမှမလုပ်ပေးနိုင်တာ။ ငါ့သားလေးအတွက် ငါ့ညီကဘာမှဆိုလုပ်ပေးနိုင်တယ်။ အဲ့တာဆိုငါ့သားပျော်နေမှာပါ......ကျန်းချန်...သဲငယ်လေး....မင်းကောင်းရာဘုံကနေမြင်နေမှာပေါ့။ ကိုယ်တောင်းပန်ပါတယ်ကွာ။ သားကောင်းစားဖို့။ ကိုယ်ဒီလမ်းကိုရွေးချယ်ခဲ့တာပါ။ သဲငယ် ကိုယ့်ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်"
ရိပေါ်တို့မိသားစုအိမ်ကို ပြန်လာကြတော့တယ်။ အိမ်ရောက်တော့....
"သားရန်လေး......."
"ဦးဦးရွှမ်း.....သားကိုလာစောင့်နေတာလား..."
"ဒါပေါ့....ဦးဦးကရန်လေးကိုလာစောင့်နေတာ...."
"သားဦးဦးရွှမ်းနဲ့နေခဲ့နော်။ ဒယ်ဒီအပေါ်တက် ရေချိုးပြီးပြန်ဆင်းလာမယ်"
"ဟုတ်..."
ရိပေါ်လဲအပေါ်တက်ကာရေသွားချိုးတယ်။
![](https://img.wattpad.com/cover/324108203-288-k734564.jpg)