Part 14

2.3K 104 3
                                    

*Unicode*

ရိပေါ်အခုတလောစဉ်းစားခန်းဝင်ခဲ့တယ်။သူလျှောက်လည်မယ်လုပ်ထားတဲ့အစီစဉ်ကိုလဲပြောင်းပြီးရှောင်ကျန့်နေတဲ့ရွာမှာနေခဲ့တယ်။

သူစဉ်းစားခန်းဝင်တဲ့ အရာကတော့ရှောင်းကျန့်ရဲ့ကလေးဆိုတဲ့တစ်ယောက်။ အဲ့တစ်ယောက်ကသူ့သားလားဆိုတာသိချင်တာ။ဒါပေမဲ့DNAစစ်ရအောင် ရှောင်းကျန့်ခွင့်ပြုချက်လိုတယ် ဒါပေမဲ့ရှောင်းကျန့်ကခွင့်မပြုဘူး။

"အကိုကျွန်တော်တို့ကိုခွင့်ပြုပါ"

ရိပေါ်ကရှောင်းကျန့်ကိုအရင်လို"ကော"လို့မခေါ်ခဲ့ဘူးတစ်စိမ်းပုံစံနဲ့သူ့အကြောင်းတွေစုံစမ်းအုံးမည်တဲ့လေ။

"ငါ့ညီကိုအကိုပြောပြီးသားပါ။ DNAစစ်ချင်ရတဲ့အကြောင်းအရင်းကဘာလဲလို့"

"ကျွန်တော်က......."

"ရိပေါ် ငါတို့မင်းတို့စားဖို့သွားဝယ်လိုက်အုံးမယ်"

"အေးအေး"

အခုဆိုအခန်းထဲမှာ ရှောင်းကျန့်ရယ် ရိပေါ်ရယ် ရှောင်းကျန့်ရဲ့သားဆိုတဲ့သူရယ်ဘဲရှိတော့တယ်။ ရိပေါ်ကအခန်းထောင့်မှာထိုင်နေတယ်။ ရှောင်းကျန့်ကတော့ကုတင်ဘေးမှာပေါ့။

ရုတ်တရက် ရှောင်းကျန့်ကရိပေါ်ထိုင်တဲ့ဘက်လှည့်ကာထပြီးလမ်းလျှောက်လာတယ်။မသိရင်အကုန်မြင်နေရတဲ့သူလိုဘဲ။
ရှောင်းကျန့်ကရိပေါ်ရှေ့ရောက်တော့ရပ်လိုက်တယ်။

"အံ့ဩသွားလား..."

"ကော...ကော...ကော....."

"အွန်း...မင်းရဲ့တစ်ဦးတည်းသောကော.."

ရိပေါ်မျက်ရည်တွေဝဲတက်လာခဲ့တယ်။ဒါကိုမြင်တဲ့ ရှောင်းကျန့်က

"ဘာလို့လဲ...ငိုမို့လား..ငိုရအောင်ကလေးလား...."

"ကော...ကောမြင်ရတယ်...."

"အွန်း..."

"ဒါဆိုဘာလို့...မ..မမြင်ချင်ယောင်ဆောင်တာလဲ...."

"ရိပေါ်ကိုဘဲမမြင်ချင်ယောင်ဆောင်တာမဟုတ်ဘူး။ရွာကလူတွေလဲ ကောမြင်တာ ဘယ်သူမှမသိဘူး။ သားလေးအပါအဝင်ပေါ့..."

"သား...အဲ့သားဆိုတဲ့တစ်ယောက်ကဘယ်သူလဲ...."

"ကောရဲ့သားလေ...."

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Onde histórias criam vida. Descubra agora