*Unicode*
ရှောင်းကျန့်ပျောက်သွားတာ၅နှစ်ရှိပြီ။ အချိန်တွေက ဘာမှသာမဟုတ်တာ ၅နှစ်ရှိခဲ့ပြီ။ ဒီ၅နှစ်အတွင်းမှာလဲကျိုးချန်တစ်ယောက် ရှောင်းကျန့်ကို နေ့ညမပျက်ရှာခဲ့တယ်။ ဟိုက်ခွမ်းလဲပါတာပေါ့။ ဘာလို့ဆိုအခုဆိုရင်ကျိုးချန်နဲ့ ဟိုက်ခွမ်းတွဲနေကြတာပေါ့။ ဟိုက်ရန်လေးကိုလဲ ကျိုးချန်ကနားလည်ပေးတယ်။ ဟိုက်ရန်ကလဲကျိုးချန်ကိုပါးပါးပါးပါးနဲ့ ခေါ်နေလိုက်တာ ပါးစပ်ကမချဘူး။
"သားရန်လေး ပြီးရင်မြန်မြန်လာ...."
"သားကပြီးတာကြပေါ့။ဦးဦးကိုစောင့်နေတာ"
"ဟုတ်ပါပြီ။ ကျွန်တော်မျိုးကြီးမှားပါတယ်ခဗျ"
"ကို သွားကြမယ်လေ"
ယခုကတော့ ရိပေါ်ရယ်၊ဟိုက်ရန်ရယ်၊ ဟိုက်ခွမ်းရယ်၊ ကျိုးချန်ရယ် ခရီးထွက်မို့ပေါ့။ သို့ပေမဲ့ပြင်ဆင်နေချိန်
"ငါလာပြီ....."
"ဘာလာလုပ်တာလဲ"
"ငါ့ဘာသာ ဘာလာလုပ်လုပ်ပေါ့။ မင်းအပူလား"
"မင်းပြန်ရမယ်တော့မယ်ထင်တယ်။ငါတို့အပြင်သွားမို့"
"ဟုတ်လား...ရိပေါ်ကောဘဲလား"
"ဟုတ်တယ်"
"ရိပေါ်တကယ်လား"
"အွန်းးးး"
"ငါလဲလိုက်ချင်တယ်"
ကျိုးချန်: မင်းကိုခေါ်မယ်ပြောလား။
ဟောက်ရွှမ်း: ငါကကောမင်းကိုမေးနေလို့လား။
ကျိုးချန်: မင်းးး...
ကျိုးချန်က အမြဲဟောက်ရွှမ်းနဲ့မတည့်ဘူး။ သူ့သူငယ်ချင်းကိုဟောက်ရွှမ်းကမနာလိုနေပြီး ရိပေါ်ကိုကြိုက်နေမှန်း သိတာကြောင့်ရိပေါ်နားကပ်ရင် ပိုဒေါသထွက်မိတယ်။
ရိပေါ်တို့လဲ မနိုင်တဲ့အဆုံး ဟောက်ရွှမ်းကိုပါခေါ်လာခဲ့ရတယ်။ ကားကိုတော့ဟောက်ရွှမ်းကို မောင်းခိုင်းခဲ့တယ်။ ကားအလယ်ခန်းမှာ ဟိုက်ခွမ်းတို့ချစ်သူတွေ အနောက်ဆုံးအခန်းမှာတော့ ရိပေါ်နဲ့ဟိုက်ရန်လေး။
မောင်းရင်းမောင်းရင်းနဲ့ ရုတ်တရက် ဟောက်ရွှမ်း ဘရိတ်ထအုပ်တာကြောင့်အနောက်က လူ၄ယောက်ယိုင်သွားတယ်။ ပြီးတော့ဟောက်ရွှမ်းကိုလှမ်းမေးလိုက်တယ်။