Part 3

3.9K 157 4
                                    

*Unicode*

5နှစ်ကြာသော်
ရှောင်ကျန့်တစ်ယောက် ဆေးရုံတစ်ခုတည်ထောင်ခဲ့တယ်။ အခုဆိုရင်လဲဆေးအုပ်ရှောင်းဆိုပြီးနာမည်ကြီးနေတာပေါ့။ သူတည်ထောင်ထားတဲ့ ဆေးရုံနာမည်က"Yizhan"တဲ့။

သူဟာYizhanဆေးရုံမှာ ဆေးရုံအုပ်အဖြစ်တာဝန်ယူဆောင်ရွက်နေသူပေါ့။ ဒါကြောင့်လဲ ဆေးအုပ်ရှောင်းဆိုပြီး နာမည်ကြီးတာပေါ့။ ပြီးတော့လဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး။ သို့သော်လဲ သူ့ကိုချစ်ကြောင်းလာပြောသမျှမိန်းကလေးတိုင်းကို ငြင်းလွှတ်နေသူလဲဖြစ်တယ်။

ရှောင်းကျန့်(pov)
အခုချိန်ထိ မေ့ရသေးဘူးရိပေါ်။ရိပေါ်နဲ့ကောတို့ အချစ်ကိုရည်ညွှန်းပြီး"Yizhan"ဆိုတဲ့ဆေးရုံကို ကောတည်ထောင်ခဲ့တယ် ရိပေါ်။ အခုဆို ကောဆေးရုံအုပ်ဖြစ်နေပြီ။ ပြီးတော့လေကောကိုချစ်ကြောင်းလာလာပြောတဲ့ မိန်းကလေးတွေကိုလဲ ကောငြင်းလွှတ်ခဲ့တယ်သိလားရိပေါ်။ ကောရိပေါ်ကိုစောင့်နေတာ ဘယ်အချိန်ကောဆီပြန်လာမလဲလို့။

ရှောင်းကျန့်တစ်ယောက်"Yizhan"ဆေးရုံရဲ့ပန်းခြံထဲကထိုင်ခုံမှာထိုင်ပြီးအတွေးထဲလက်ပစ်ကူးနေတော့သည်။

"ဘာတွေတွေးနေလို့ အဲ့ဒီလောက်ငြိမ်နေရတာလဲ...."

ကျိုးချန်ဟာ ရှောင်းကျန့်ဘေးဝင်ထိုင်ရင်းမေးလိုက်တယ်။

"ရိပေါ်ကိစ္စပါပဲ..."

‌"5နှစ် 5နှစ်ရှိပြီ။ မင်းသူ့ကိုမေ့မရသေးဘူးလား.."

"ဟင့်အင်း"

"အချစ်ကြီးလိုက်တာငါ့ကောင်ရာ..."

"ဆေးအုပ်ရှောင်း....."
သူတို့အနောက်ကနေ အသံဆာဆာနဲ့ရောက်လာတဲ့ကျိုးချန်ညီမဝမ်းကွဲဖြစ်သူ နာရိုက ဒီဆေးရုံရဲ့ Nurseတစ်ယောက်လဲဖြစ်တယ်။

"ဘာဖြစ်လို့လဲ..."

"လူတစ်ယောက်ကဆေးအုပ်ရှောင်းနဲ့တွေ့ချင်လို့တဲ့"

"လာခဲ့မယ်ငါ့ရုံးခန်းထဲမှာ စောင့်ခိုင်းထားလိုက်..."

ရှောင်းကျန့်လဲ ထသွားတော့သည်။

သူ့ကိုလူတစ်ဦးကတွေ့ချင်တယ်တဲ့။ဘယ်သူများလဲ။

ရှောင်းကျန့် သူ့ရုံးခန်းရှေ့ရောက်တော့ ရုံးခန်းတံခါးကိုဖွင့်လိုက်တယ်။ ဒါပေမဲ့ ဒါပေမဲ့သူမြင်လိုက်ရတဲ့သူက.....မဖြစ်နိုင်ဘူး။

လူနာကပိုအရေးကြီးတယ် [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now