Part 1

920 49 7
                                    

"အား...အီးဟီး.....ကိုကိုရေ...ကိုကို...အီး...ထယ်ထယ် လှဲသွားပီ..အီး......"

အိမ်ရှေ့ လယ်ကွင်းကျယ်ကြီးထဲ မစီးတတ် စီးတတ်နဲ့ စက်ဘီး ပတ်စီးနေသော ငါးနှစ်အရွယ်ကလေးငယ်လေး..။ညာဖက်လှည့်အကွေ့မှာ ကျောက်တုံးလေးတစ်ခုနဲ့ ခလုတ်တိုက်လဲသွားတော့ ကလေးလေးက စက်ဘီးအောက်မှောက်နေလေသည်။ရုတ်တရက်ကြီး လှဲသွားသည်မို့ ကလေးလေး က လယ်ကွင်းထဲ စပါးခင်းတွေသိမ်းကူနေတဲ့ တစ်ဦးတည်းသော အစ်ကို ဖြစ်သူကို ငိုယိုကာ အော်ခေါ်နေသည်။

"နမ်ဂျွန်လေးရေ...သားညီလေးကို သွားကြည့်လိုက်အုံး...လှဲပြန်ပီနဲ့တူတယ်"

"ဟုတ်...မား"

အထက်တန်းစာမေးပွဲ ပြီးလို့ အိမ်အလုပ်တွေဝိုင်းကူနေတဲ့  ဆယ့်ခြောက်နှစ်အရွယ် ကင်မ်နမ်ဂျွန်‌လေး ကို အမေဖြစ်သူပြောတော့ သူလဲစည်းနေကျ စပါးစည်းလေးကို အသာချကာ ညီလေးဆီ အပြေးသွားလိုက်သည်။

"ထယ်လုံးလေးက တကယ့်မနိုင်စိန်လေးနော် ...ဟန်နီ......လုပ်လိုက်ရင်လဲ တစ်လွဲ"

"ဟုတ်ပ့တော့...ဟုတ်ပ့...အငယ်ဆုံးသားထွေးလေးဆိုတော့ အဲလောက်တော့ ရှိမှာပဲ့ ...ကင်မ်ရယ်....ဟားဟား"

ကင်မ်မောင်နှံမိသားစု‌လေးက ဒယ်ဂူက ရွာလေးတစ်ရွာမှာနေကြသည်။နှစ်‌ေယာက်လံုးက တစ်ဦးတည်းသော သားသမီးတွေဖြစ်သည်မို့ အားကိုးစရာဆွေမျိုးမရှိ။သာမန် လူတန်းစားလေး ဖြစ်သည်မို့ မိဘတွေဆုံးသွားတော့ ချန်ထားခဲ့တဲ့ လယ်ကွင်းလေး မှာ စပါးစိုက်ကာ အသက်မွေး၀မ်းကြောင်းပြုလာကြသည်။စပါးပေါ်ချိန်စပါးစိုက်သည်။ကျန်အချိန်တွေဆို တစ်ပါးသူ ခြံ‌ေတွထဲ နှစ်ယောက်စလုံး အခလိုက်ကြသည်။ရိုးသား ဖော်ရွေ ကြသည်မို့ အိမ်နီးချင်းတိုင်း သူတို့ကို ခင်ကြသည်။လိုအပ်တာတွေ ကူညီပေးသည်။သူတို့မှာ ကင်မ်နမ်ဂျွန်နှင့်ကင်မ်ထယ်ယောင်း ဆိုတဲ့ သားယောက်ျားလေး နှစ်ယောက်ရှိသည်။နမ်ဂျွန်က ဆယ့်ခြောက်နှစ် ထယ်ယောင်းလေးက ငါးနှစ်...။ပါးဖောင်းဖောင်း‌ေလးနဲ့ စကားတတ်တဲ့ ထယ်ယောင်းလေးကို မြင်သူတိုင်းက ချစ်ကြသည်။တချို့ဆို ချစ်စနိုးနဲ့ Boo booလေးလို့ အမည်ပေးကြသည်။နမ်ဂျွန်လေးက အထက်တန်းစာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သည်မို့ အိမ်အလုပ်တွေဝိုင်းကူသည်။စာတော်သည်။အားကစားထူးချွန်သည်။သူ့ရည်မှန်းချက်က ဆရာ၀န်။ဘာလို့ဆို အဖေဖြစ်သူ ပါးမှာက နှလုံးရောဂါရှိသည်။တစ်ခါတလေ နှလုံးထဖောက်လာပီဆို ဆေးဖိုးမတတ်နိုင်လို့ ဆေးဆိုင်က ဆေးထုပ်တွေနဲ့သာ ဖြေရသည်။အဲလိုအချိန်‌ေတွဆို နမ်ဂျွန်စိတ်ညစ်ရသည်။ပါးနဲ့မားကို သူ တင့်တောင့်တင့်တယ်ထားချင်သည်။နာမကျန်းဖြစ်ပီဆို သူကိုယ်တိုင်ဆေးကုပေးချင်သည်။

Opposite....🍁🍁Where stories live. Discover now