Part 4

479 37 4
                                    

"ဒါက ဘယ်လိုဖြစ်ရတာလဲ ဂျွန်ဂျောင်ဂု...!"

"….......…"

တိတ်ဆိတ်အေးချမ်းလွန်းတဲ့ ဂျွန်အိမ်တော်ထဲ ဧည့်ခန်းတစ်နေရာက စူးစူးရှရှ ကျယ်လောင်တဲ့ ဖေဖေ့အသံကြောင့် ဂျောင်ဂု တစ်ယောက် ‌တုန်လှုပ်နေမိသည်။

"ဂျွန်ဂျောင်ဂု"

"ဗျာ...."

ကျောပိုးအိတ်လေးကိုလွယ် ကာ ကျောင်းယူနီဖောင်းနဲ့ အတိုင်းသားရပ်ပြီး သူ့ရှေ့ရပ်နေတဲ့ အဖေ ဖြစ်သူကို မော့ကြည့်သည်။

"မင်း...ငါ့သားမှ ဟုတ်ရဲ့လား"

"ဗျာ....."

"မဗျာနဲ့.....အရင်ကငါ့ကိုကတိပေးထားတဲ့ ငါ့သားဂျွန်ဂျောင်ဂု ဘယ်ရောက်သွားတာလဲ"

".........."

ဂျောင်ဂု ဘာမှ ပြန်မပြောနိုင်ပေ။ကျောင်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို သူကိုယ်တိုင်လဲ နားမလည်နိုင်ခဲ့ပါ။

"ကျွန်တော်တောင်းပန်ပါတယ်ဖေဖေ.....ကျွန်တော်လဲ စိတ်မထိန်းနိုင်ဖြစ်သွားတယ်နေမှာပါ"

"မင်းဆင်ခြင်သင့်တယ်....သတိထားသင့်တယ်...."

"........"

"ဒီမှာ ဂျောင်ဂု...မွေးတည်းက မင်း စိတ်ကြီးတယ်ဆိုတာ မှန်တယ်...ဒါပေမယ့် အခြေအနေတွေကိုတော့နားလည်သင့်တယ်....မင်းအရွယ်ရောက်နေပီပဲ့....မင်းမငယ်တော့ဘူး....."

"........."

"တော်ပီ....ငါဆက်မပြောနိုင်တော့ဘူး.....ပင်ပန်းတယ်.....တောက်ခ်"

ဂျွန်ဒယ်ဆူတစ်ယောက် သားဖြစ်သူကို ကြည့်ကာ မနိုင်တော့ဘူးဆိုတဲ့ပုံစံနဲ့ စိတ်ပျက်ကာ သူ့အခန်းဆီ လှည့်ထွက်သွားသည်။

"ကျစ်....စိတ်တိုစရာပဲ့....ဟူး...."

ဂျောင်ဂု ကျောပိုးအိတ်လေး စားပွဲပေါ်တင်ကာ ဆိုဖာပေါ် စိတ်ပျက်စွာ ထိုင်ချလိုက်သည်။

"ငါ ဒီလောက် သည်းခံသတိထားနေတာပဲ့ ငါကဘာလို့ သူ့ခေါင်းရိုက်ရတဲ့ထိဖြစ်သွားတာ...ကျစ်.....ငါ့စိတ်ကိုငါမနိုင်ဘူးပဲ့...‌ေဒါသကြီးတယ် စိတ်ဆတ်တယ်....ဟာ....မတတ်နိုင်တော့ဘူး....ခေါင်းရှုပ်တယ် မစဉ်းစားတော့ဘူး ရေချိုးတော့မယ်..."

Opposite....🍁🍁Unde poveștirile trăiesc. Descoperă acum