Part 16

338 32 20
                                    

"ဝါး...အိပ်လို့ကောင်းလိုက်တာ..."

ထယ်ယောင်း ပွယောင်ယောင်ဆံပင်လေးသပ်ရင်း အိပ်ရာမှနိုးလာသည်။ဒီနေ့က ကျောင်းပိတ်ရက်လေးဖြစ်သည်။

"ညက အိပ်မက်တွေတော်တော်လေး လှခဲ့တာပဲ့...နေပါအုံး ဒီနေ့က ကျောင်းပိတ်ရက်မဟုတ်ဘူးလား ဘယ်နှနာရီရှိနေပီလဲမသိဘူး"

အခန်းထဲနေရောင်ထိုးနေသည်မို့ ထယ်ယောင်း စားပွဲပေါ်က နာရီတစ်ချက်ကြည့်လိုက်သည်။

"ရား.....ရှစ်နာရီတောင်ထိုးပီ....ကိုကိုက ဘာလို့ငါ့ကိုလာမနိုးတာလဲ...ရား...ကိုကို အဲလိုမလုပ်ရဘူးလေ."

ပြောပြောဆိုဆို ကုတင်ပေါ်မှ ကမန်းကတန်းဆင်းလိုက်သည်။ဒီနေ့ကိုကိုနဲ့တူတူဆေးရုံလိုက်ခဲ့မယ်လို့ ထယ်ယောင်း နမ်ဂျွန်ကို ပြောထားသည်။ထယ်‌ေယာင်းက ပိတ်ရက်တွေဆို နောက်ကျမှ နိုးတတ်သည်။အစောကြီးဂျူတီဆင်းရမာမို့ သူ့ကိုအရင်နိုးခိုင်းဖို့ ထယ်ယောင်းတောင်းဆိုတော့ နမ်ဂျွန် ကတိပေးခဲ့သည်။

"တွေ့မယ်...လိုက်မယ်ပြောထားတာကို ဒီကိုကိုတော့....တွေ့မယ်...တွေ့မယ်..."

ထယ်ယောင်း ပြောရင်း အောက်ထပ်ဆင်းလာခဲ့သည်။

"တိတ်ဆိတ်နေပါလား...သွားပီထင်တယ်....အာ...ဘာမှလဲ မချက်ထားဘူး"

မီးဖိုခန်းထဲရောက်တော့ အဖုံးဖုံးထားတဲ့စားပွဲနားသွားကာ အဖုံးဖွင့်လိုက်တော့ ရေဘူးတစ်ဘူးနဲ့ ရေခွက်တစ်လုံးသာရှိသည်။

"ရား....ကိုကို မကောင်းဘူးကွာ...."

ထယ်ယောင်း ခြေဆောင့် ကာ ပြောနေမိသည်။

"ကလင်...ကလင်...ကလင်"

ဧည့်ခန်း ထဲက ရုတ်တရက် ထမြည်လာတဲ့ လက်ကိုင်ဖုန်းသံကြားတော့ ထယ်ယောင်း ထိုဖုန်းအနားသွားကာ ကိုင်လိုက်သည်။

"ဟယ်လို..."

"ဟယ်လို...ထယ်လေး ..နိုးပီလား"

"အာ...ကိုကို......ဘာလို့ကျွန်တော့ကို..."

"ထယ်လေး..ကိုကို့ကိုစိတ်ဆိုးနေမယ်ဆိုတာသိပါတယ်...."

ထယ်ယောင်း ပြောဖို့လုပ်နေတုန်း နမ်ဂျွန် ဖြတ်ပြောလိုက်တော့ ငြိမ်ကျသွားသည်။

Opposite....🍁🍁Where stories live. Discover now