Part 14

567 43 14
                                    

တီ...တောင်....တီ.....တောင်.......

အခန်းတံခါးကနေကြားရတဲ့လူခေါ်ဘဲလ်သံ...

"ကိုကိုလာပြီထင်တယ်....ညနေ လေးနာရီပဲ့ရှိသေးတာလေ...ပြောတော့ ခွဲခန်း ၀င်ရအုံးမှာတဲ့ ‌ဟင်း...တွေ့မယ်......ကင်မ်ထယ်ယောင်းကို လာလိမ်နေတယ်......."

ထယ်ယောင်းပြောရင်း ကုတင်ပေါ်က ဖွဖွလေးဆင်းကာ တံခါးနား လျှောက်သွားသည်။

ကျွီ.....

"ဟိတ်...ကိုကို ...ပြောတော့ ခွဲခန်း၀င်ရမယ်ဆို...."

"............"

ထယ်ယောင်း မျက်နှာကြီး နီမို့လာသည်။ကိုကိုအထင်နဲ့ ထယ်ယောင်း တံခါးလော့ခ်ဖွင့်လိုက်ပြီး အရင်၀င်လာတဲ့လူရဲ့ကျောပြင်ကို မျက်နှာလေးအပ်ကာ ခါးကိုတင်းတင်းလေး ပွေ့ဖက် မျက်လုံးလေးမှိတ် ငြိမ်နေလိုက်သည်။တစ်ဖက်လူရဲ့ ရင်ခုန်သံပြင်းပြင်းလေးကို ထယ်ယောင်း ကြားနေရသည်။ ထယ်ယောင်းနေမကောင်းရင် ချွဲတတ်တဲ့အကျင့်ရှိသည်။

"ကိုကို...."

"............."

ထယ်ယောင်း ခေါ်သည်။တစ်ဖက်က ဘာမှမတုံ့ပြန်။

"အဟမြး.....ဟမြး...."

"ဟင်...ဂျီမင်...မင်းက ဘယ်လိုလုပ်...!!!"

မျက်လုံးမှိတ်ငြိမ်နေတဲ့ ထယ်ယောင်းကို ဂျီမင် ချောင်းဟန့်သံပေးသည်။ထယ်ယောင်း အသံလာရာ လှည့်ကြည့်လိုက်ချိန် သူ့လက်တွေ တုန်နေပါပြီ။မျက်လုံးလေး ပြူးကာ မျက်တောင်တဖြတ်ဖြတ်ခတ်ပြနေတဲ့ဂျီမင်ကို ထယ်ယောင်း ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေသည်။

"မင်းတစ်ယောက်တည်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ....ငါ့အိမ်ကိုရော ဘယ်လိုလုပ်သိတာလဲ မဟုတ်မှ.....!"

ထယ်ယောင်းပြောရင်း သူဖက်ထားတဲ့ လူကို မော့ကြည့်လိုက်ချိန်

"အမလေး...ဘုရားတရား.....တလွဲ!"

ပြီတီတီမျက်နှာပေးနဲ့ သူ့ကိုကြည့်နေတဲ့ ဂျောင်ဂု။ထယ်ယောင်း သူ့လက်တွေ ပြန်ရုတ်ပြီး ဂျောင်ဂုနဲ့ ခပ်ဝေးဝေးနေ ကာ

"ဟီး....ဂျောင်ဂု..ပါလား....အသံမပေး ဘာမပေးနဲ့ မင်းတို့ကလဲ...ဟီး..."

Opposite....🍁🍁Where stories live. Discover now