Part 2

605 45 6
                                    

"ပါပါး...မားမား....ဟား....ကျွန်တော် စာမေးပွဲအောင်တယ်ဗျ...."

ဒယ်ဂူကနေ စက်ဘီးစီးရင်း အိမ်ပြန်လာတဲ့ ..နမ်ဂျွန်လေး..။ ပျော်လွန်းလို့ ပါးနဲ့မားကို အားကုန် အော်ခေါ်နေမိသည်။ရွာမှာက အလယ်တန်းထိပဲ့ရှိ‌သည်မို့ ဒယ်ဂူမှာ အထက်တန်းကျောင်းတက်ရသည်။ရွာကအိမ် မှ ဒယ်ဂူ အထက်တန်းအစိုးရ စာသင်ကျောင်း ကို ရောက်ဖို့ဆို တစ်နာရီလောက် စက်ဘီး စီးသွားရသည်။ဒီနေ့လဲ အောင်စာရင်း ထွက်ပြီဆိုလို့ မနက်ငါးနာရီတည်းက ကျောင်းကိုသွားခဲ့သည်။‌ေကျာင်း‌ေရာက်‌ေတာ့ အောင်စာရင်း စာရွက်တွေ ကပ်ထားတဲ့ ဘုတ်ပြားဆီ သူ့ထက်ငါဦး အလုအယက် တိုးကြည့်နေကြတဲ့ လူအုပ်ကို တိုးကာ ကြည့်ရသည်။ရင်တထိတ်ထိတ်နဲ့ သူ့ခြေလက်တွေ အေးစက်နေသည်။အစကနေ တစ်ခုချင်းစီ လက်ဖျားလေးထောက်ကာ ကြည့်ယူသည်။သူ့ခုံနံပါတ် တန်းထဲ ရောက်သွားတော့ ခနလောက် မျက်လံုး မှိတ်လိုက်မိသည်။ဖွင့်ကြည့် လိုက်တော့ တွေ့ပါပီ သူ့နာမည် အဖေနာမည်နဲ့ နံဘေးမှာ တန်းစီရေးထားတဲ့ ဘာသာရပ်တွေ ကို တစ်ခုချင်းစီ ရေကြည့်သည်။ ဘာသာစုံ ဂုဏ်ထူးတဲ့လေ။

"သားရေ..ဘာတဲ့...."

"ဘာသာစုံ ဂုဏ်ထူးတဲ့ မားရေ....အား...သားပျော်လွန်းလို့ ရူးတော့မယ်..."

"ဟယ်...သား...ဖြေးဖြေးလေ...မားကို အောက်ချပေးအုံး...ပြုတ်ကျနေအုံးမယ်...မားကို ချပေးအုံးသား"

ရပ်နေရင်းကနေ  ရုတ်တရက် ပွေ့ချီပီး ဝှေ့ယမ်း လာတဲ့ နမ်ဂျွန်ကြောင့် မား ခမျာ တုန်တုန်ယင်ယင်နဲ့ အောက်ချပေးဖို့ ပြောနေရသည်။

"သားရေ...ဘာသာစုံတဲ့လား...ပါးသားကြီးက တော်လိုက်တာ....သား ...သားဖြစ်ချင်တဲ့ ဆရာ၀န်လိုင်းရော ရတယ်မလား..."

"ဘာသာစုံဆိုတော့ ရလောက်တယ်ပါး....အမှတ်တွေတော့ မသိရသေးဘူး"

"အင်း...ဘာပဲ့ဖြစ်ဖြစ် ပါးသားကြီးအတွက် ဂုဏ်ယူပါတယ်ကွ....အရပ်ကတို့ရေ ...လာကြည့်ကြပါအုံး....ကျွန်တော့သားနမ်ဂျွန်လေး ဘာသာစုံဂုဏ်ထူးနဲ့ အောင်တယ်ဗျ....ဟားဟားဟား"

"တိုးတိုး‌ကြွားပါကင်မ်ရယ်...."

"ခ်ခ်"

လယ်ကွင်းထဲမှာ ‌‌ေပါက်တူးတစ်လက်နဲ့မြေဆွနေရာက တက်လာပီး အားကြီးနဲ့ အော်ပြောနေတဲ့ ကင်မ်ကြောင့် မားတောင် ရှက်လို့လာရသည်။အနီးနားကလူတွေလဲ သူတို့နားလာကာ စကားလာပြောသူပြော ၀မ်းသာသူ၀မ်းသာဖြစ်နေကြသည် ။

Opposite....🍁🍁Where stories live. Discover now