"ကိုကို ဒီနေ့ ဂျူတီရှိလား"
"ကိုးနာရီ ဂျူတီ ရှိတယ် လေ ဘာဖြစ်လို့လဲ"
"ဘာမှတော့မဟုတ်ပါဘူး...ဒီနေ့ ကျွန်တော့် ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာ ပျင်းလို့"
"စာမကျက်ရဘူးလား"
"စာက နည်းနည်းပဲ့ရှိတယ်"
"အဲဒါဆို စာကျက်လေ"
"ကျွန်တော် ပျင်းနေလို့"
ဒီနေ့က ထယ်ယောင်းတို့ ကျောင်းပိတ်ရက်။ကိုကို့တိုက်ခန်းမှာ နေ့ဆို လူမရှိ တိတ်ဆိတ်လို့နေသည်။ကိုကိုကလဲ ဆေးရုံသွားရမှာ ဆိုတော့ ထယ်ယောင်း တစ်ယောက်တည်းပျင်းနေမှာ။စားပွဲပေါ် ရှုပ်ပွနေတဲ့ စာရွက်တွေ ထိုင်ရှင်းနေတဲ့ ကိုကို့ ကို ကြည့်ပြီး ထယ်ယောင်း တစ်ယောက် မျက်နှာလေး မှုန် နှုတ်ခမ်းကြီးစူထော်လာသည်။
"ဘာတွေအလိုမကျဖြစ်ပြန်ပြီလဲ....အိမ်မှာပျင်းနေရင်လဲ TVဖွင့်ကြည့်နေလေ...နေ့လည် ထမင်းစားချိန် ကိုကို ပြန်လာခဲ့မယ်"
"ကိုကို"
"အင်း ပြောလေ"
"ကျွန်တော် လဲ ဆေးရုံလိုက်ချင်တယ်"
"ဟေ...ဆေးရုံက ကောင်းတဲ့နေရာမဟုတ်ဘူးနော်...ရောဂါကူးနေအုံးမယ်..."
"Mask တပ် မှာပေါ့ ကိုကိုရယ်...ပြီးတော့ ကျွန်တော် ကြီးလာရင် ဆရာ၀န် လုပ်မှာ"
"အမယ်...တကယ်ကြီးလား"
"တကယ်ပေါ့..ဘာလဲ..ကိုကို မယုံဘူးလား"
ခါးလေးထောက်ပြီး သူ့ထက် ခုနစ်နှစ်လောက်ကြီးတဲ့ ကိုကို့ကို ရန်ပြုနေလေရဲ့။
"ယုံပါတယ်ဗျာ..ယုံပါတယ်...အာ့ဆို ခနနေ ကိုကိုတို့ ဆေးရုံသွားရအောင်"
"ဟုတ်"
"Mask သေချာတပ်ရမယ်နော်"
"ဟုတ်ကဲ့ ကိုကို"
လိုချင်တာရတော့ ထယ်ယောင်းတို့များ မျက်နှာလေး၀င်းလက်နေရော့။တစ်ခါသုံး mask လေးကို မှန်ရှေ့မှာ သေသေချာချာလေး သူ တပ်သည်။ခနကြာတော့ ကိုကိုနဲ့တူတူ သူဆေးရုံလိုက်သွားသည်။သူတို့ ဆေးရုံရောက်တော့ ဆရာ၀န်တွေ သူနာပြုတွေ ဟိုပြေးဒီပြေးနဲ့ ဗျာများနေကြသည်။လူနာတွေကိုလဲ ဟို ကုတင်တင်ရ ဒီကုတင် ပြောင်းရ နဲ့ အလုပ်ရှုပ်နေကြသည်။
YOU ARE READING
Opposite....🍁🍁
Romance"ဂျောင်ဂု...ထယ်ယောင်းက သိပ်လှတာပဲ့နော်...အရင်တည်းက အကြိုက်ချင်းတူတဲ့ မင်းနဲ့ငါက ဒီတစ်ခုတော့မတူတော့ဘူးထင်တာပဲ့...ငါသူ့ကို သေလောက်အောင်ကြိုက်တယ်..သူနဲ့ ချစ်သူဖြစ်ဖို့ မင်းကို အောင်သွယ်ခိုင်းမှရမယ် ..ဟီးဟီး.." Park Jimin "No...