Part 18

195 19 8
                                    

"‌ေဂျာင်ဂု ......မကြာခင် သားလဲ အထက်တန်း‌တောင်ပြီးတော့မယ်"

"ဟုတ်တယ် ဖေဖေ"

အတန်းတင်စာမေးပွဲကနီးလာပီမို့ ဂျောင်ဂု ကျူရှင်က ပြန်လာတာနဲ့ ရေချိုး ထမင်းစားပြီး အခန်းထဲစာဆက်လုပ်သည်။အ‌ေဖဖြစ်သူအပြင်ကပြန်‌ေရာက်သည်နှင့် ဂျောင်ဂုအခန်းဖက် လှည့်ကြည့်မိသည်။အခန်းတံခါးက ဖွင့်ထားသည်မို့ ပြတင်းပေါက်နားက စားပွဲပေါ် ကြိုးကြိုးစားစား စာလုပ်နေတဲ့ ချစ်ရသောသားဖြစ်သူကို မေးတော့ ဂျောင်ဂု စာကိုသာငုံ့ကြည့်ရင်း ပြန်ဖြေလာသည်။

"အဲလောက်လဲ မကြိုးစားနေပါနဲ့ သားရယ် ငါ့သားကိုဘယ်သူမှမယှဉ်နိုင်ပါဘူး"

"ဟား...ဖေဖေပြန်သွားပီထင်နေတာ ...အခန်းထဲ၀င်လာလေဖေဖေ"

ဂျောင်ဂုအဖေဖြစ်သူကို တွဲခေါ်ကာ ဆိုဖာလေးတစ်ခုပေါ်မှာ ထိုင်စေသည်။

"အပြင်ကပြန်လာတာမောနေရော့ပေါ့....ဖေဖေ ခနနားလိုက်ပါအုံး"

"အင်း...သား"

"တောင်းပန်ပါတယ်နော် ဖေဖေ ကျွန်တော်ကလေ ဖေဖေအခန်းထဲပြန်သွားပီထင်နေတာ..."

"ရပါတယ်သားရယ် ဖေဖေ ဘာမှမဖြစ်ပါဘူး...အော်...သား...ကျောင်းပြီးရင် ဘာလုပ်ဖို့စဉ်းစားထားလဲ"

"ကျွန်တော်...ကျွန်တော်ကလေ"

"အင်း ပြော"

"ကျွန်တော်....."

"ပြောပါသားရယ် ဘာလို့ဆက်မပြောတော့တာလဲ ဖေဖေကိုကြောက်လို့လား "

"မ မဟုတ်ပါဘူး ဖေဖေ ကျွန်တော်ကလေ တကယ်တော့ အဆိုတော်ဖြစ်ချင်လို့"

ဂျောင်ဂု အရဲစွန့်ပြောမိသည်။သူ့ပန်းတိုင်က အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ပင်။ဒါကို ဖေဖေလက်ခံလား လက်မခံလား မသိပေမယ့် သူပြောပြချင်သည်။

"အော်"

"တောင်းပန်ပါတယ်နော် ဖေဖေ ကျွန်တော်က အဆိုတော်ပဲ့ဖြစ်ချင်တာ တခြားဘာမှမဖြစ်ချင်ဘူး...."

ဖေဖေမျက်နှာလေး ညိုးကျသွားတာ ဂျောင်ဂုသတိထားမိသည်။

"အင်းပါ ငါ့သားရယ်...ဖေဖေ မကန့်ကွက်ပါဘူး ငါ့သားက အဆိုတော်လုပ်ချင်တယ်ဆိုလုပ်ပေါ့ကွာ ဖေဖေ ပံ့ပိုးပေးမာပေါ့"

Opposite....🍁🍁Nơi câu chuyện tồn tại. Hãy khám phá bây giờ