"ကိုကို...ကိုကို....!"
"ဒေါက်တာကင်မ်...ရောက်လာပြီလား"
"ကိုကို ဘယ်မှာလဲ"
"အော်...ကျွန်တော့်နောက် လိုက်ခဲ့ ဒေါက်တာ"
ကိုကို့ဆေးရုံထဲရောက်သည်နှင့် ထယ်ယောင်းကားပေါ်ကဆင်းကာ ကိုကို့ ကို လိုက်ရှာနေမိသည်။ဆေးရုံအတွင်းက လူတွေ အကြည့်အားလုံးက သူ့ဆီမှာ။အသက်ငယ်ငယ် ဆရာ၀န်လေးတစ်ယောက် သူ့အနားလာပြီး ကိုကို့ဆီ ခေါ်သွားသည်။ကိုကို့အခန်းရှေ့ရောက်တော့ သူစိတ်ငြိမ်အောင်အရင်လုပ်ပြီးမှ အခန်းထဲ၀င်လာသည်။
"ကိုကို...ဟင်...ကိုကို လက်ထိသွားတယ်လား"
ကုတင်ပေါ်ထိုင်နေတဲ့ ကိုကို့ကို တွေ့ပါပြီ။ဘယ်ဖက်လက် တစ်ဖက်က ပတ်တီးတွေနဲ့ ပင်။သူ့ကိုမြင်တာနဲ့ ကိုကိုက ပြုံးပြုံးကြီး ထိုင်ပြုံးနေသည်။
"အင်း...နည်းနည်း"
"ဟွန့် ကိုယ့်ကိုကိုယ်လဲ ဂရုမစိုက်ဘူး လက်တင်ပဲ့လား တခြားဘာတွေထိသွားသေးလဲ"
ထယ်ယောင်း နမ်ဂျွန်တကိုယ်လုံးကို လျှောက်စမ်းနေသည်။နှလုံးတွေ ဘာတွေမကျန် စမ်းသေးသည်။
"လက်လောက်ပါပဲ့ ဒေါက်တာရယ်...အခြေအနေမဆိုးပါဘူး ပါးပါးလေးပဲ့...ဒေါက်တာ ကျွန်တော် အခြေအနေစိုးရိမ်ရလား"
"ဟွန့်...ဒီကစိတ်ပူလိုက်ရတာ.ဒီလိုမှန်းသိ မ လာပါဘူး..ဘူဆန်ကနေဒီကို လာတာ လွယ်တယ်မှတ်နေလား"
ထယ်ယောင်း ရစ်လေပြီ။ဘယ်ဖက်လက်ပဲ့နာသွားတာဖြစ်သည်။ ကျန်တာအားလုံးပုံမှန်ပင်။
"ဟား...ထယ်လေးက ကိုကိုတို့ဖုန်းပြောတာ ဆုံးအောင်နားမထောင်ပဲ့ချသွားတာကို...အဲတာပြောဖို့ကိုကိုဖုန်းထပ်ဆက်သေးတယ်လေ ကြည့်ကြည့်ပါလား"
ထယ်ယောင်း ဖုန်းစစ်ကြည့်တော့ miscalled 10ခါ။
"အာ....မသိဘူး"
"ဟားဟား ...ဒီကိုလာတာ မောနေရောပေါ့...ကိုကိုက သတိရနေတာကို"
"ကျွန်တော်က သတိမရပါဘူး"
"ဟုတ်လို့လား"
"ဟုတ်တယ်"
"ဒါဆို ၀မ်းနည်းသွားပြီ"
YOU ARE READING
Opposite....🍁🍁
Romance"ဂျောင်ဂု...ထယ်ယောင်းက သိပ်လှတာပဲ့နော်...အရင်တည်းက အကြိုက်ချင်းတူတဲ့ မင်းနဲ့ငါက ဒီတစ်ခုတော့မတူတော့ဘူးထင်တာပဲ့...ငါသူ့ကို သေလောက်အောင်ကြိုက်တယ်..သူနဲ့ ချစ်သူဖြစ်ဖို့ မင်းကို အောင်သွယ်ခိုင်းမှရမယ် ..ဟီးဟီး.." Park Jimin "No...