Part 3

699 43 6
                                    

At ...ဘူဆန်အစိုးရအထက်တန်းကျောင်း...

ကလင်...ကလင်...ကလင်

"ဝေး...ဟေး...ဟေး...အားလပ်ချိန် ရောက်ပီ...ဘတ်စကတ်ဘော ဆော့မယ်"

ညနေ ပိုင်း အားလပ်ချိန်ဖြစ်လို့ ခေါင်းလောင်းတီးသည်နှင့် ကျောင်းသားများ အတန်းအသီးသီးမှ ရုတ်ရုတ်သဲသဲထွက်လာကြသည်။နားနေခန်းမှ ကျောင်း၀တ်စုံချွတ်ပြီး အားကစား၀တ်စုံ ဝတ်ကြကာ အားကစားခန်းမ ဖက် သူ့ထက်ငါ ဦး အမြန်သွားကြသည်။

"ဖယ်ပါကွာ...မင်းတို့ကလဲ ..ဖယ်ကြ...အတင်းတိုး‌ေနကြတာပဲ့"

ဆိုဒ်စံုအတန်းစံု ကျောင်းသား ကျောင်းသူတွေကြားမှာ ညပ်မိနေတဲ့ ပုပုလုံးလုံး အလယ်တန်းကျောင်းသား ဂျီမင်‌ေလးတစ်‌ေယာက် ဒေါသထွက်လို့ ပြောနေခြင်းဖြစ်သည် ။ အဝါရောင် အားကစား၀တ်စုံကို စတိုင်ကျကျ ၀တ်ဆင်ထားတဲ့ဂျီမင်လေးက ကျောင်းရဲ့ စတား ဖြစ်သလို ကျောင်းသားများအကြားလဲ ရေပန်းစား သည် ။အပြုံးချိုချိုလေးနဲ့ စိတ်ထားကောင်းတဲ့ ဂျ‌ီမင်လေးက ဆွဲဆောင်မှုရှိလှသည်။

"စီနီယာ ဂျီမင်းနီး"

"ဘာလဲဟ"

ကျောင်းသားများကြားထဲမှ လွတ်နေတဲ့ တစ်နေရာဆီ သွားကာ ဂျီမင်တစ်ယောက် အမောဖြေနေတုန်း အထက်တန်းကကျောင်းသူတစ်အုပ် သူ့နားရောက်လာကြသည်။

"ဟိုလေ..အစ်မ တို့နဲ့ ဘောလုံး ကစားကြရအောင်လေ ပါမလား..."

"ဟာ..."

"လာပါ စီနီယာရယ်နော်...စီနီယာ ဂျွန်ကိုလဲ ခေါ်ပေးနော်...,…"

"အစ်မတို့ ဘာသာ သွားခေါ်ကြပါလား"

"အစ်မတို့ ကြောက်လို့ပါ"

"ကြောက်ရအောင်က သူက သရဲလား"

"ဖယ်...ရှုပ်‌ေနတာပဲ့"

ဂျောင်ဂုနဲ့ ဂျီမင်ကို တစ်ကျောင်းလုံးကကျောင်းသားအကုန် ရှိန်ကြသည်။သူတို့ထက်အတန်းကြီးတဲ့ ကိုကိုမမတွေတောင် သူတို့ကို ရိုသေကြသည်။‌ေဂျာင်ဂုက စိတ်ဆတ်သည်။ဂျီမင်ကတော့ စိတ်ကောင်းလေးရှိသည် ။ ဟိုကြည့်ဒီကြည့်နဲ့ ဂျီမင် ‌ေကျာင်းသားအုပ်ကြားထဲမှ ဂျောင်ဂုကို ရှာသည် ။ထိုအခိုက် အားကစား၀တ်စုံ မလဲဘဲ တစ်ဖက်ဆီ ထွက်သွားသော ‌အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ဂျီမင် တွေ့၍ လှမ်းအော်ကာ ဂျောင်ဂုဆ‌ီ ပြေးသွားသည်။

Opposite....🍁🍁Wo Geschichten leben. Entdecke jetzt