Part 19

168 16 9
                                    

"ထယ်ယောင်း.. .. ! ...ထယ်ယောင်း!!"

"ထယ်‌ယောင်း...!!!"

အနီရောင် တိုက်အိုပျက်ကြီး မှာ ဂျောင်ဂုတစ်ယောက် စိုးရိမ်ခြင်းများစွာနဲ့ တစ်ခန်း၀င် တစ်ခန်းထွက် ထယ်ယောင်းကိုလိုက်ရှာနေမိသည်။

"ဝှီး.......💥"

ရုတ်တရက် ကြားလိုက်ရတဲ့ အပြင်က ကားသံတစ်ခု။ဂျောင်ဂု ထောင့်နားလေးမှာ ပုန်းရင်း အသံလာရာကို အကဲခတ်ကြည့်နေသည်။

"ထယ်ယောင်း.....! ထယ်ယောင်း......!! ကင်မ်ထယ်ယောင်း....!"

"ဟင် ဒါ ဂျီမင်အသံ.... ! ဂျီမင် ..ဂျီမင်းနီး"

ဂျောင်ဂု အသံလာရာကို နားထောင်ရင်း ဘေးဘီဝဲကြည့်ရာ သူ့နည်းတူ ဂျီမင်လဲ ထယ်ယောင်းကို ရှာနေတာ မြင်သွားသည်။

"ဂျီမင်...မင်းဒီမှာ ဘာလာလုပ်တာလဲ"

"ဂျောင်ဂု...မင်း ပါ လား"

"ဟုတ်တယ် ငါ ဂျောင်ဂု !"

"မင်း ထယ်ယောင်းကို လာရှာတာလား မဟုတ်မှ"

"ငါ ထယ်ယောင်းကို လာရှာတာ ကြည့်ရတာ ဒီမှာ ဘာမှမရှိတဲ့ပုံပဲ့"

"ဂျောင်ဂု မင်း လဲ စာရခဲ့တယ်လား"

"အင်း ငါရခဲ့တယ် ရလို့ ဒီရောက်နေတာ"

"ဒါဆို ထယ်ယောင်းက ရော"

"ငါမသိ"

"ဟားဟား ...ဟား မင်းတို့က သိပ်ရယ်ရတာပဲ့"

"???"

"ဂူဒယ်ဟို....မင်း"

"ဟုတ်တယ် ငါပါ....."

"ထယ်ယောင်း ဘယ်မှာလဲ"

"ဟား"

"ဟေ့ကောင် ထယ်ယောင်းဘယ်မှာလဲလို့ ငါမေးနေတယ်"

"ဟားဟားဟားဟား"

ဒယ်ဟို အသံက ဟိန်းခနဲ။

"မင်း......"

"လက်မြှောက်ထားလိုက်စမ်း မဟုတ်ရင် ငါပစ်မှာနော်"

ဂျောင်ဂု ဒေါသထွက်လို့ ဒယ်ဟိုကို ပိတ်ထိုးမလို့ လုပ်တုန်း ဒယ်ဟို နောက်က လူလေးယောက်ထွက်လာပြီး သေနတ် ကိုယ်စီချိန်ထားကြသည်။

"အသက်မသေချင်ရင် ရှေ့တိုးလာလိုက်လေ"

ခုခံစရာဘာမှ မရှိတော့ ဂျောင်ဂုတို့ ဒီအတိုင်းရပ်နေကြရသည်။

Opposite....🍁🍁Where stories live. Discover now