Part 13

453 40 5
                                    

"ည ခြောက်နာရီတောင်ခွဲနေပြီ....ထယ်ယောင်းရေ....မင်းဘယ်တွေများရောက်နေတာလဲ....ငါရှာနေတာလဲနှံ့နေပြီ.....ပါးနဲ့မားရေ...ထယ်ယောင်းလေးကို စောင့်ရှောက်ပေးပါနော်...."

အဆောင်တိုက်ခန်းအပြင်ဖက်က လမ်းထောင့်လေးမှာ နမ်ဂျွန် ‌ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ထယ်ယောင်း လာနိုးနိုးနဲ့ ဟိုဟိုဒီဒီ ဝှေ့ကြည့်နေမိသည်။ကျောင်းဆင်းချိန်က ညနေလေးနာရီ ‌။ကျောင်းကနေအိမ်ထိ လမ်းလျှောက်ပြန်ရသည်ဆို ငါးနာရီဆို ထယ်ယောင်း အိမ်ပြန်ရောက်နေကျဖြစ်သည်။

"နည်းနည်းတော့ ထပ်စောင့်လိုက်မယ်....ဒီထက်ပိုကြာသွားရင်တော့ ရဲစခန်းမှာ လူပျောက်တိုင်ရမယ်"

ဒီနေ့က ထယ်ယောင်းအိမ်ပြန်နောက်ကျနေသည်မို့ သူ့ညီလေးကို ငါးမိနစ်လောက်တောင်အ‌ေပျာက်မခံနိုင်သည်မို့ နမ်ဂျွန် အစိုးရိမ်ကြီးစိုးရိမ်နေရသည်။သူ့ရင်ထဲ ဘယ်လောက်တောင် ပူလောင်နေလိုက်ရမလဲ။အဆောင်က၀န်ထမ်းတွေတောင် သူ့ကိုကြည့်ပြီး သနားနေကြရသည်။အအေးဒဏ်ကိုအံတုရင်း နမ်ဂျွန် ညီဖြစ်သူကို စောင့်သည်။

"ထယ်ယောင်း အိမ်ပြန်မလာသေးဘူးလား ဒေါက်တာ"

"ဟင့်အင်း ...မလာသေးဘူး....ဘယ်တွေများရောက်နေတာလဲမသိဘူး...."

"အရမ်းလဲစိတ်ပူမနေပါနဲ့ ....သူပြန်ရောက်မှာပါ...."

"ကျွန်တော့ညီလေးက ဒီကိုရောက်တာ မကြာသေးဘူးဗျ...."

"ထယ်ယောင်းက လိမ္မာတဲ့ ကောင်လေးပါ...သူ့ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်ပါလိမ့်မယ်....အထဲ၀င်ပါအုံးလားဒေါက်တာ အပြင်မှာ အရမ်းအေးတယ်"

မိတ်ဆွေ၀န်ထမ်းတွေက သူ့ကို လှမ်းပြောကြသည်။သို့သော် သူဂရုမစိုက်အား။နီစွေစွေ သူ့နှုတ်ခမ်းလေးလဲ ဖြူရော်လို့နေသည်။

"ဒီကိစ္စကို မင်းအစ်ကိုမသိစေနဲ့နော် "

"ဟော..ဘာလို့မသိခိုင်းရမှာလဲ.....ငါ့ခေါင်းက ဒီလောက်သိသာထင်ရှားနေတာ "

"ဟော....တခြားအကြောင်းဆွဲထည့်ပြောလို့ရတယ်လေ..."

"ဘာအကြောင်းလဲ"

Opposite....🍁🍁Where stories live. Discover now